Africa & Middle East
တူရကီ၊ ရုရှား၊ အီရန် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ဆီးရီးယားအရေး ဆွေးနွေးရန် မော်စကိုတွင် တွေ့ဆုံမည်
အန်ကာရာ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ၊ ရုရှားနိုင်ငံနှင့် အီရန်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဆီးရီးယားနိုင်ငံအရေး ဆွေးနွေးရန် ဧပြီလ ၂၈ ရက်၌ မော်စကိုမြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်အစောပိုင်းက ကြေညာခဲ့သည်။
“Astana platform ရဲ့ အာမခံပေးသူများ ဖြစ်တဲ့ တူရကီ၊ ရုရှားနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးတွေက ဧပြီလ ၂၈ ရက်မှာ မော်စကိုမှာ ဆွေးနွေးပွဲလုပ်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဧပြီလ ၄ ရက်က ဆီးရီးယားနိုင်ငံအရေးအတွက် သုံးဦးသုံးဖလှယ်ပါဝင်သော ထိပ်သီး အစည်းအဝေးကို တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာ ပြုလုပ်ခဲ့ပြီး တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ၊ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် အီရန်နိုင်ငံ သမ္မတ ဟတ်ဆန်ရိုဟာနီတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ခေါင်းဆောင်များက ဆီးရီးယားနိုင်ငံအတွင်း ငြိမ်သက်မှုရှိစေရေးနှင့် ခွဲထွက်ရေးဝါဒအား တိုက်ထုတ်ရေးနှင့် ပဋိပက္ခဖြစ်ပွားရာနယ်မြေများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရေး စသည့် ကြိုးပမ်းအားထုတ်မှုများ အရှိန်မြင့်လုပ်ဆောင်ရန် သံန္နိဋ္ဌာန်အား အလေးထား ဖော်ပြခဲ့သည်။ (Xinhua)