Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ အရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ ကူညီထောက်ပံ့ရန် သဘောတူ

ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဘရပ်ဆဲလ် မြို့တွင် ဧပြီလ ၂၅ ရက်နေ့ က ကျင်းပ ပြီးစီးခဲ့သည့် ဆီးရီးယား နိုင်ငံ အရေး နိုင်ငံတကာ ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့ကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ ဆီးရီးယား နိုင်ငံ အား လူသားချင်း စာနာထောက်ထားမှု အနေဖြင့် ၂၀၁၈ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ ကူညီထောက်ပံ့ရန် သဘောတူညီ ခဲ့ကြသည်။

အစည်းအဝေး ပိတ်ပွဲအခမ်းအနား ပြီးနောက် အီးယူ နှင့် ကုလသမဂ္ဂ တို့မှ အတူတကွ ထုတ်ပြန် ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် ၂၀၁၈ ခုနှစ် ကူညီထောက်ပံ့မှု အပြင် အမေရိကန် ဒေါ်လာ ၃.၄ ဘီလီယံ အား ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ လူသားချင်း စာနာထောက်ထားမှု အနေဖြင့် ဆီးရီးယား နိုင်ငံ အား ကူညီထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆီးရီးယား အရေး နိုင်ငံတကာ အစည်းအဝေး ကို နိုင်ငံပေါင်း ၅၇ နိုင်ငံ ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း ၁၀ ခု ၊ ကုလသမဂ္ဂ အဖွဲ့အစည်း ၁၉ ခု နှင့် NGO အဖွဲ့အစည်းပေါင်း ၂၅၀ ကျော် တက်ရောက် ခဲ့ကြသည်။

ကုလသမဂ္ဂ ၏ စာရင်းပြုစုချက်အရ ၂၀၁၁ ခုနှစ် ဆီးရီးယား နိုင်ငံ တွင် တိုက်ပွဲစတင်ဖြစ်ပွား ချိန်မှစ၍ ယခုအချိန်ထိ လူပေါင်း ၃ သိန်းကျော် သေဆုံးခဲ့ရပြီး လက်ရှိချိန်တွင် လူပေါင်း ၁၃ သန်း ကျော် လူသားချင်း စာနာထောက်ထားမှု အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.