Connect with us

Africa & Middle East

တူရကီ နိုင်ငံအတွင်း လမ်းဘေးဗုံးခွဲမှုကြောင့် လူလေးဦးသေဆုံး

PKK ပါတီ၏ ကာ့ဒ်လက်နက်ကိုင်စစ်သွေးကြွများအား အီရတ်နိုင်ငံမြောက်ပိုင်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီရာဘာကာပြည်နယ်အတွင်း စက်တင်ဘာလ ၁၂ ရက်က လမ်းဘေး ဗုံးပေါက်ကွဲမှုတစ်ရပ ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ ကြောင်း ဒီရာဘာကာပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောကြားခဲ့သည်။

အဆိုပါဗုံးများကိုကာဒစ်စတန်အလုပ်သမားပါတီ(PKK)မှစစ်သွေးကြွများကဗုံးထောင်ခဲ့ခြင်းဟုယုံကြည် ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ကြေညာချက်တွင်ဖေါ်ပြခဲ့ပြီး ကုလ်ခရိုင်(Kulp) အတွင်းဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဆေးဘက်ဆိုင်ရာ နှင့်စစ်ဘက်ဆိုင်ရာအဖွဲ့များက ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်တွင် ဗုံး ပေါက်ကွဲမှုနေရာသို့ ရောက်ရှိလာကြကြောင်း တူရကီအသံလွှင့်ဌာန CNN Turk ကပြောကြားခဲ့သည်။

တူရကီ၊အမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂ တို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ် ထားသော PKK ပါတီ ကတူရကီနိုင်ငံကိုဆန့်ကျင်လျက် ၎င်း၏နှစ်၃၀ ကြာလက်နက်ကိုင်တော်လှန်မှု ကို ၂၀၁၅ ခုနှစ်၊ဇူလိုင်လတွင် စေ့စပ်ငြိမ်းချမ်းရေးကာလအပြီးပြန်လည်စတင်ခဲ့သည်။ (Xinhua)