Connect with us

Africa & Middle East

တောင်ဆူဒန် တိုက်ခိုက်မှုအတွင်း တရုတ်နှင့် ရဝမ်ဒါ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှုများ ဖြစ်ပွား

တောင်ဆူဒန်နိုင်ငံ အစိုးရ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တောင်ဆူဒန်နိုင်ငံ၏ မြို့တော် ဂျူးဘားတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း တရုတ်နှင့် ရဝမ်ဒါ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အများအပြား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ထိခိုက် သေဆုံးသူ အရေအတွက် အတိအကျကို အတည်မပြုသေးကြောင်း သိရသည်။
ထိုသို့ အရေးအပေါ် အခြေအနေ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က တောင်ဆူဒန်နိုင်ငံ၊ ဂျူးဘားမြို့တွင် ဇူလိုင်လ ၇ ရက်မှ စ၍ တိုက်ပွဲ ဖြစ်ပွားမှု မြင့်တက်လာခြင်းအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က တောင်ဆူဒန် တိုက်ပွဲ အတွင်း သေဆုံး (သို့) ဒဏ်ရာရရှိသွားသည့် တရုတ်နှင့် ရဝမ်ဒါ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူ မိသားစု အား စာနာ ထောက်ထားကြောင်း နှင့် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့သည်။
တောင်ဆူဒန်နိုင်ငံ မြို့တော်ဂျူးဘားရှိ သမ္မတနန်းတော် အပြင်ဘက် တွင် ဇူလိုင်လ ၈ ရက်က အစိုးရတပ်ဖွဲ့နှင့် အစိုးရ ဆန့်ကျင်သည့် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့၍ လူပေါင်း ၂၇၁ ဦး သေဆုံးခဲ့ကြောင်း တောင်ဆူဒန် ကျန်းမာရေး ဝန်ကြီးဋ္ဌာနက အတည်ပြုခဲ့ပြီး ဇူလိုင်လ ၁၀ ရက်တွင် လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲအတွင်း ပြည်သူ ၃၂ ဦး၊ ရဲအရာရှိ ၅ ဦး၊ အစိုးရတပ်ဖွဲ့ဝင် ၄၄ ဦးနှင့် ဒုတိယ သမ္မတ Riek Machar ဦးဆောင်သည့် ဆူဒန်ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှု အတိုက်အခံ တပ်ဖွဲ့ (SPLM-IO) မှ တပ်ဖွဲ့ဝင် ၁၉၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.