Africa & Middle East
တောင်အာဖရိကတွင် ဘတ်စ်ကားတိုက်မှုကြောင့် လူ ၁၁ဦးသေ၊ ၃၀ကျော်ဒဏ်ရာရရှိ

ဂျိုဟန်နက်စ်ဘာ့ဂ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ Limpopo မြို့ တွင် စက်တင်ဘာ ၁၇ ရက်က ဇမ်ဘီယာနိုင်ငံမှ ဘတ်စ်ကား တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Limpopo မြို့ ပို့ဆောင်ရေးအာဏာပိုင် Makoma Makhurupetje က လူ ၁၁ဦးသေဆုံးကြောင်း ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။
သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဘတ်စ်ကား၏ တာယာတစ်လုံး ပေါက်ထွက်သွားပြီးနောက် လမ်းချော်ကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက သေဆုံးဒဏ်ရာရရှိသူများသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Makhurupetje က လူ အယောက် ၃၀ မှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ကားမောင်းသူ အပါအဝင် နောက်ထပ် လူ ၉ ဦး မှာမူ ဒဏ်ရာပြင်းထန်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)