Africa & Middle East
ဒီးယာ အယ်လ်-ဇောပြည်နယ်ရှိ အိုင်အက်စ်လက်ရောက်သွားသည့် ဆေးရုံအား ဆီးရီးယား စစ်တပ် ပြန်သိမ်းပိုက်နိုင်ခဲ့
ဒမတ်စကက်၊ မေ ၁၅ ရက် (ဆင်ဟွာ)
မေလ ၁၄ ရက် အစောပိုင်းက အိုင်အက်စ် လက်သို့ ကျရောက်သွားသည့် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီးယာ အယ်လ်-ဇောပြည်နယ်ရှိ ဆေးရုံအား ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင် ရာ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
အိုင်အက်စ်တို့က အက်ဆတ် (Assad) ဆေးရုံအတွင်း ဓားစာခံများအဖြစ် ဖမ်းဆီးထားသည့် ဆရာဝန်များနှင့် သူနာပြုများအား စစ်တပ်က လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က အခြေအနေအား ပြောပြခဲ့သည်။
ဒီးယာ အယ်လ်-ဇောပြည်နယ် အစွန်အဖျားရှိ ထိုဆေးရုံသို့ အစိုးရ စစ်တပ်က အပြင်းအထန် ပြန်လည် တိုက် ခိုက်ခဲ့ရာ အိုင်အက်စ် စစ်သွေးကြွအားလုံး သေဆုံးခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။
မေလ ၁၄ ရက် နံနက်ပိုင်းက ဆီးရီးယားစစ်တပ်နှင့် အိုင်အက်စ်တို့အကြား ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ထံမှ သိရသည်။
ယူကေ အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ အိုင်အက်စ်အဖွဲ့က ဒီယာ အယ်ဇောရှိ ဆေးရုံကို သိမ်း ပိုက်ပြီး ပြည်နယ် အနောက်တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့စဉ် ဆီးရီးယား စစ်သား ၂၆ ဦးခန့် သေဆုံးခဲ့ သည် ဟုဆိုသည်။ (Xinhua)