Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် ပိုက်လိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၄ဦးရှိလာ

နိုင်ဂျီးရီးယားနိုင်ငံတွင် ယခင်ကပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရေနံပိုက်လိုင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူလ်ဂျာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်း Abia ပြည်နယ် Osisioma ဒေသခံအစိုးရနယ်မြေတွင် ရေနံပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

Abia ရဲချုပ် Anthony Ogbizi က ပြည်နယ်အတွင်းရှိ ရွာ၂ရွာတွင် အောက်တိုဘာ ၁၂ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများ၏ အခြေအနေပြင်းထန်သောကြောင့် နောက်ထပ် ၅ဦးထပ်မံသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။Ogbizi က ပေါက်ကွဲမှုသည် ပြင်ဆင်ထိန်းသိမ်းနေဆဲဖြစ်သော ရေနံပိုက်လိုင်းမှ ယိုစိမ့်မှုတစ်ခုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ အသေးစိတ်သိရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင် နိုင်ဂျီးရီးယား လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပျက်စီးနေသော ရေနံပိုက်လိုင်းများမှ ရေနံများ ခပ်ယူသည့် လူငယ်တစ်ချို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း နိုင်ဂျီးရီးယားတွင် ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နှင့် အလားတူဖြစ်ရပ်တစ်ချို့သည် ဒေသခံများက ပိုက်လိုင်းများမှ ရေနံကို စုပ်ထုတ်ရန် ကြိုးစားရမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သတင်းဖော်ပြချက်များအရ ၂၀၀၆ခုနှစ် မေလ ၁၂ ရက်တွင် လာဂို့စ်မြို့ အရှေ့ဘက်ရှိ ရွာတစ်ရွာ၌ ဒေသခံများက ရေနံပိုက်လိုင်းအား အပေါက်ဖောက်ရန် ကြိုးစားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)