Africa & Middle East
နိုင်ဂျီးရီးယား နိုင်ငံ တွင် ဓါတ်ငွေ့ ထုတ်လုပ်သည့် စက်ရုံ ပေါက်ကွဲမှု ကြောင့် လူ ၁၀၀ ကျော် သေဆုံး

အဘူဂျာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ Nnewi မြို့တွင် ဓါတ်ငွေ့ စက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းဋ္ဌာန က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှု ဖြစ်စဉ်သည် Chikason Group ကုမ္ပဏီ ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သော Inter Corp Oil Limited ဓါတ်ငွေ့စက်ရုံတွင် ထရပ်ကား တစ်စီးက မဖြစ်မနေ ပြုလုပ်ရမည့် အအေးခံ ရမည့် အချိန်ကို မစောင့်ဆိုင်းဘဲ ဓါတ်ငွေ့ ထုတ်နေစဉ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း Vanguard နေ့စဉ် သတင်းစာမှ သိရှိရသည်။
သေဆုံးသူများသည် ဓါတ်ငွေ့ လာရောက် ဖြည့်သူများ နှင့် လမ်းသွား လမ်းလာ ဒေသခံများ ဖြစ်ကြောင်း သိရသည်။ (Xinhua)