Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ဆေးရုံတစ်ခုတွင် မီးလောင်မှုကြောင့် လူ ၂၅ဦးသေဆုံးပြီး ၁၀၇ဦး ဒဏ်ရာရရှိ

ဆော်ဒီအာရေဗျ နိုင်ငံ တောင်ပိုင်းရှိ Jazan အထွေထွေ ဆေးရုံအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဒီဇင်ဘာ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ တောင်ပိုင်းရှိ Jazan အထွေထွေဆေးရုံတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၌ မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၂၅ဦးသေဆုံးပြီး ၁၀၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး ဌာန မှ ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုသည် Jazan အထွေထွေဆေးရုံ ပထမထပ်ရှိ အထူးကြပ်မတ်ဆောင် နှင့် သားဖွားဆောင် မှ စတင်ခဲ့ကြောင်း Jazan ဒေသ ပြည်သူ့ကာကွယ်ရေး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Yahya al-Qahtany က ပြောကြား သည်။

Yahya al-Qahtany က ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၀ မီနစ် ၌ ၎င်းအဖွဲ့မှ မီးလောင်မှု သတိပေးချက် အား ရရှိခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့များ၊ ကယ်ဆယ်ရေး နှင့် ကုသရေး ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ ၂၁ ဖွဲ့အား အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း စေလွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ ယခုအခါ မီးလောင်မှု အခြေအနေအား ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ဒေသအတွင်းရှိ ပုဂ္ဂလိက နှင့် ပြည်သူ့ဆေးရုံများသို့ ပြောင်းရွှေ့ပို့ဆောင်ထားကြောင်း နှင့် မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းရင်း ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)