Connect with us

Africa & Middle East

ပါကစ္စတန်တွင် လူမျိုးစု နိုင်ငံရေး ခေါင်းဆောင် လုပ်ကြံခံရ

Kurram Tribal Agency ဒေသ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ လူမျိုးစု ဒေသတစ်ခု၌ အဆင့်မြင့် နိုင်ငံရေးသမား ခေါင်းဆောင် တစ်ဦးအား အမည်မသိ သေနတ်သမား တစ်ဦးက လုပ်ကြံ သတ်ဖြတ်ခြင်း ခံရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိမျာက ဇူလိုင်လ ၁၂ ရက် တွင် ပြောကြားခဲ့သည်။

ဟာမစ် ဟူစိန် တူရီ အမည်ရှိ အဆိုပါ နိုင်ငံရေးသမား ခေါင်းဆောင်သည် Kurram လူမျိုးစုဒေသရှိ Parachinar မြို့ ၎င်း၏ ရုံးခန်းအတွင်း၌ ဇူလိုင်လ ၁၁ ရက် ညပိုင်းက လုပ်ကြံခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောသည်။
လုပ်ကြံခံရသူ တူရီသည် Kurram ဒေသတွင် အတိုက်အခံ ပါကစ္စတန် ပြည်သူ့ ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သလို တက်ကြွသည့် လူမှုရေး လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။ ၎င်း လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။
Kurram ဒေသရှိ အဆင့်မြင့် အရာရှိ ရှာဟစ် အလီခန်က လုပ်ကြံသူ၏ နောက်ကွယ်က အကြောင်းရင်းအား အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန် လူမျိုးစု ဒေသများ၌ ရာပေါင်းများစွာသော လူမျိုးစု ခေါင်းဆောင် ဝါရင့် ပုဂ္ဂိုလ်များအား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး အများစုမှာ တာလီဘန်နှင့် စစ်သွေးကြွများ၏ လက်ချက်ဖြစ် ကြောင်း စွပ်စွဲခံခဲ့ရသည်။
တာဝန်ရှိသူများ ပြောကြားချက်အရ တူရီသည် ဇူလိုင်လ ၁၁ ရက် ညပိုင်းက အမည်မသိ လူတစ်ဦး၏ထံမှ ဖုန်းလက်ခံရရှိပြီးနောက် လုပ်ကြံသူများက ၎င်း၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့ကာ ၎င်းအား ပစ်မသတ်မီ လုပ်ကြံသူများက နှိပ်စက် ခဲ့ကြောင်း သိရသည်။
တူရီ၏ ရုပ်အလောင်းအား ပါတီဝင်များက ဇူလိုင်လ ၁၂ ရက် နံနက် ရုံးခန်းဖွင့်ချိန်၌ တွေ့ရှိခဲ့ကြောင်း သိရ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.