Africa & Middle East
ပါလက်စတိုင်း ညီလာခံ အား အီရန်တွင် ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ခိုင်မာမှုအားပြသ

တီဟီရန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့တွင် ၂ရက်တာကြာမြင့်မည့် ပါလက်စတိုင်းညီလာခံ အား ဖေဖော်ဝါရီ ၂၁ ရက် တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်း IRNA သတင်းဋ္ဌာန က ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ညီလာခံသည် ပါလက်စတိုင်းတို့နှင့် ဆက်ဆံရေးခိုင်မာမှုကို ပြသကာ ၎င်းတို့၏ နယ်မြေများတွင် ဂျူးတို့၏အခြေချနေထိုင်မှု ကျယ်ပြန့်လာခြင်း နှင့် အစ္စရေးတို့၏ ကျူးကျော်လာခြင်းကို ရင်ဆိုင်ရန် ဖြစ်ကြောင်း သိရသည်။
သတင်းဋ္ဌာန၏ဖော်ပြချက်အရ ညီလာခံသို့ နိုင်ငံခြားသား ဧည့်သည် ၇၀၀ ဝန်းကျင် နှင့် ပါလက်စတိုင်းပညာရှင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
အီရန်နိုင်ငံ သမ္မတ ဟက်ဆန် ရိုဟာနီ ၊ လွှတ်တော် ဥက္ကဋ္ဌ Ali Larijani နှင့် တရားသူကြီးချုပ် Ayatollah Sadeq Amoli Larijani တို့အပါအဝင် အီရန်နိုင်ငံ၏ ထိပ်တန်းအရာရှိကြီးများ လည်း ညီလာခံသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)