Africa & Middle East
ပါလက်စတိုင်း ၄၅ဦးကို အစ္စရေး နှင့် ပူးပေါင်းမှုဖြင့် ဟားမတ်စ်တို့ ဖမ်းဆီးထိန်းသိမ်း
ဂါဇာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန က အစ္စရေးတို့အား ပူးပေါင်းကူညီခဲ့သော ပါလက်စတိုင်း ၄၅ဦးအား နိုဝင်ဘာလ မှစ၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဇန်နဝါရီ ၈ ရက် ကကြေညာခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Eyad al-Bozzom က ဂါဇာအရှေ့တောင်ပိုင်းသို့ ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် အစ္စရေးစစ်တပ်များ ဝင်ရောက်လာခဲ့ပြီးနောက် သံသယရှိသူများအား ဖမ်းဆီးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အပြန်အလှန်ပစ်ခတ်မှုများအတွင်း အစ္စရေးအရာရှိတစ်ဦး နှင့် ဟားမတ်စ် စစ်သွေးကြွ ၇ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ဝန်ကြီးဌာနက ဖော်ပြခဲ့သည့် ဗွီဒီယိုဖိုင်၌ ဖမ်းဆီးထားသော တရားခံတစ်ချို့သည် Shin Bet ှိ အစ္စရေးလုံခြုံရေး အဖွဲ့နှင့် ပူးပေါင်းခဲ့သည်ကို ဝန်ခံခဲ့ကြောင်း သိရသည်။
Bozzom က သံသယရှိသူများကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း၊ အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်သူများကို ဖမ်းဆီးချုပ်ကိုင်ထားကြောင်း၊ ၎င်းတို့အားလုံး၏ လှုပ်ရှားမှုများကို ဟားမတ်စ်အဖွဲ့၏ လုံခြုံရေးဆိုင်ရာ စနစ်များဖြင့် တားဆီနိုင်စွမ်းရှိကြောင်း အစ္စရေး နှင့်အတူ ၎င်းတို့ နှင့် ပူးပေါင်းသူများထံ သို့ ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူက အစ္စရေးနှင့် ပူးပေါင်းသော ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ အခြားသော ပါလက်စတိုင်းများကို ၎င်းတို့ကိုယ်တိုင် ဟားမတ်စ်လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ဝန်ခံရန် တိုက်တွန်းခဲ့သည်။ (Xinhua)