Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ပဲရစ် အကြမ်းဖက်ခံရမှု နှင့် ဆက်စပ်နေသည့် သံသယရှိသူ အား အယ်လ်ဂျီးရီးယားနိုင်ငံက ဖမ်းဆီး - Xinhua News Agency
Connect with us

Africa & Middle East

ပဲရစ် အကြမ်းဖက်ခံရမှု နှင့် ဆက်စပ်နေသည့် သံသယရှိသူ အား အယ်လ်ဂျီးရီးယားနိုင်ငံက ဖမ်းဆီး

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Kaznovအား တွေ့ရစဉ် (အင်တာနက်)

အယ်လ်ဂျီယားစ်၊ ဖေဖော်ဝါရီ ၂၈ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံ ရှိ ဒေသခံ အစိုးရရှေ့နေ တစ်ဦး က ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု နှင့် ပတ်သက်နေသည် ဟု သံသယရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံသား တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဖေဖော်ဝါရီ ၂၈ရက်နေ့က ပြောကြားခဲ့သည်။

ယင်းရှေ့နေက သံသယရှိသူကို အယ်လ်ဂျီယားစ်မြို့တော်၏ အရှေ့ဖက် ကီလိုမီတာ ၂၅၀ အကွာ တွင် တည်ရှိသော Bejaia ပြည်နယ် ရှိ Akbou တရားရုံး၏ တရားသူကြီးက ဆင့်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ တွင် နေထိုင်သည့် ယင်းတရားခံသည် ပဲရစ် ဗုံးပေါက်ကွဲမှုအားလုပ်ဆောင်ခဲ့သည့် အကြမ်းဖက် အဖွဲ့ တွင် ပါဝင်နေသည်ဟု သံသယရှိခံရကြောင်း ရှေ့နေကပြောကြားခဲ့ပြီး တရားခံသည် မည်သူဖြစ်ကြောင်း နှင့် ကျန်အသေးစိတ်အချက်အလက် များကိုမူ စုံစမ်းစစ်ဆေးမှု မပြီးသေးခင်အတွင်း ဖြေဆိုသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Kaznov က လူပေါင်း ၁၃၂ဦးသေဆုံးခဲ့ပြီး ၃၄၉ဦးဒဏ်ရာရရှိခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု အား ဘယ်လ်ဂျီယံနိုင်ငံ တွင်အစီအစဉ်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.