Connect with us

Africa & Middle East

ဘရာဇီးသမ္မတက သားဖြစ်သူအား အမေရိကန်သံအမတ်ခန့်ရန် စဉ်းစားလျက်ရှိ။

ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို အားတွေ့ရစဉ်(ဆင်ဟွာ)

ရီအိုဒီဂျနေးရိုး၊ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ ဂျာဘိုလ်ဆိုနာရို(Jair Bolsonaro) က၎င်း၏သားဖြစ်သူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ အီဒူအာဒို ဘိုလ်ဆိုနာရို(Eduardo Bolsonaro)အား အမေရိကန်ပြည်ထောင်စု ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်အဖြစ်ခန့်အပ်ရန ်၎င်းအနေဖြင့်စဉ်းစားလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက် က အတည်ပြုပြောကြားခဲ့သည်။

သမ္မတ ဂျာဘိုလ်ဆိုနာရို က “သူ့အနေနဲ့ဒီတာဝန်ကိုထမ်းဆောင်ဖို့အရည်အချင်းပြည့်ဝပြီး အမေရိကန် အစိုးရ နဲ့ပတ်သက်တဲ့ကိစ္စတွေကို ကောင်းစွာကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ မနှစ်က တည်းကဒီအတွက်ဖြစ်နိုင်ခြေကိုစဉ်းစားလာပြီး ကောင်းကျိုး၊ဆိုးကျိုးတွေကို သုံးသပ်လာတာပါ” ဟု ပြောကြားခဲ့သည်။

သမ္မတက ဘရာဇီးထောက်လှမ်းရေးအေဂျင်စီ၏ ညွှန်ကြားရေးမှူးအသစ် စတင်ခန့်အပ်ပွဲအခမ်းအနား တွင်ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ခန့်အပ်ရန်အတွက်ဘရာဇီးအထက်လွှတ်တော်က အတည်ပြု ခြင်းမပြုလုပ်မီ အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီက ဦးစွာခွင့်ပြုရန်လိုအပ်မည်ဖြစ်သည်။

အီဒူအာဒို ဘိုလ်ဆိုနာရို ကလည်း ၎င်းအနေဖြင့်သံအမတ်တာဝန်ယူရန်အတွက် လွှတ်တော်ကိုယ်စား လည်အဖြစ်မှနုတ်ထွက်ရန် အသင့်ရှိပါကြောင်းပြောကြားခဲ့သည်။၎င်းအနေဖြင့်လက်ရှိတွင် အောက် လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသော်လည်း သံတမန်ရေးရာတာဝန် များကိုယခင်ကထမ်းဆောင်ခဲ့ဖူးခြင်းမရှိချေ။

သမ္မတ ဂျာဘိုလ်ဆိုနာရို က ယခင်ဘရာဇီးသံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့တာဝန် ပေးခဲ့သဖြင့် ဝါရှင်တန်မြို့ရှိ ဘရာဇီးသံရုံးတွင် ဧပြီလမှစ၍ သံအမတ်နေရာလစ်လပ်လျက်ရှိသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.