Connect with us

Africa & Middle East

ဆူဒန်နိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု မအောင်မြင်ဖြစ်ခဲ့ဟု စစ်ကောင်စီပြောကြား

ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီနှင့် အတိုက်အခံ Freedom and Change Alliance အကြား သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ပြည်သူများပျော်ပွဲဆင်နွှဲနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင် အစိုးရအရာရှိများက စီစဉ်ထားသည့် အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုအား တားဆီးခဲ့သည်ဟု အသွင်ကူးပြောင်းရေးစစ်ကောင်စီ (TMC) က ဇူလိုင်လ ၁၁ ရက်က ကြေညာခဲ့ကြောင်း တရားဝင် SUNA သတင်းအေဂျင်စီအရ သိရသည်။

“စစ်တပ်၊ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနများမှ လက်ရှိဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများပါဝင်တဲ့အုပ်စုက စီစဉ်ထားတဲ့ အာဏာသိမ်းရန်ကြိုးပမ်းမှုတစ်ခုကို လုံခြုံရေးအာဏာပိုင်များက တားဆီးနိုင်ခဲ့တယ်” ဟု TMC လုံခြုံရေးကော်မတီ အကြီးအကဲ ဂျမယ်အိုမာ (Jamal Omer) ၏ ပြောကြားချက်အား ကိုးကား၍ သတင်းဖော်ပြထားသည်။

မအောင်မမြင်ဖြစ်ခဲ့သည့် အာဏာသိမ်းရန်ကြိုးပမ်းမှုက “စစ်ကောင်စီနဲ့ အတိုက်အခံ Freedom and Change Alliance အကြား သဘောတူညီချက်ကို ပျက်စီးစေရန်” ရည်ရွယ်ခဲ့ကြောင်း အိုမာက မှတ်ချက်ပြုခဲ့သည်။

အာဏာသိမ်းရန်ကြိုးပမ်းမှုတွင် အစိုးရအရာရှိ ၁၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ဝန်ထမ်း ၇ ဦးပါဝင်ပြီး တပ်မတော်အရာရှိ ၄ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ဦးဆောင်သူအပါအဝင် အခြားသူများအား ဖမ်းမိရန် အာဏာပိုင်များက လုပ်ဆောင်နေကြောင်း အိုမာက ပြောခဲ့သည်။

TMC နှင့် Freedom and Change Alliance တို့အကြား အသွင်ကူးပြောင်းရေး အခွင့်အာဏာများ တည်ထောင်ကာ တိုင်းပြည်အား ပူးတွဲအုပ်ချုပ်ရန် သဘောတူညီမှုတစ်ခု ဇူလိုင်လ ၅ ရက်က ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.