Connect with us

Africa & Middle East

မော်ရိုကိုတွင် ဆေးခြောက် ၁၃ တန် မှောင်ခိုကူးမှုအား တားဆီးနိုင်ခဲ့

မော်ရိုကိုတွင် ဖမ်းဆီးရမိခဲ့သည့် ဆေးခြောက်ထုပ်များအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရာဘက်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

မော်ရိုကို အာဏာပိုင်များက ၎င်းတို့သည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Nador မြို့၌ မှောင်ခိုတင်ပို့မည့် ဆေးခြောက် ၁၃ တန်နီးပါးကို တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မော်ရိုကိုရေတပ်သည် အလေးချိန် ၁၂.၈ တန် ရှိသည့် ဆေးခြောက်ထုပ်များ သယ်ဆောင်လာသည့် မော်ရိုကို ငါးဖမ်းသင်္ဘော တစ်စီးအား ကြားဖြတ်ဝင်ရောက် တားဆီးနိုင်ခဲ့ကြောင်း မော်ရိုကို စစ်တပ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ သင်္ဘောနှင့် အတူ ဒတ်ချ်လူမျုးိတစ်ဦး အပါအဝင် လူ ၈ ဦးအား Nador ဆိပ်ကမ်းသို့ ခေါ်ဆောင် သွားကြောင်း သိရသည်။
ထုတ်ပြန်ချက်၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား အစဉ်အလာအတိုင်း တရားစီရင်ဆုံးဖြတ်မှုများ ဆောင်ရွက်နိုင်ရန် တော်ဝင် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း နိုင်ငံ၌ ဆေးခြောက်စိုက်ပျိုးမှု တိုက်ဖျက်ရန် အားထုတ်ခဲ့သော်လည်း မော်ရိုကိုသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဆေးခြောက် ထုတ်လုပ်သူအဖြစ် ကျန်ရှိနေသေးသည်။
မော်ရိုကိုနိုင်ငံသည် ၂၀၀၉-၂၀၁၄ ခုနှစ် အတွင်း ဆေးခြောက်ထုတ်လုပ်သည့် နိုင်ငံ ၁၂၉ နိုင်ငံ အနက် ပထမနေရာတွင် တည်ရှိနေပြီး ၎င်းနောက်၌ အာဖဂန်နစ္စတန်နိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ တို့ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.