Connect with us

Africa & Middle East

အီရန်အနေဖြင့် ဒုံးကျည် အစီအစဉ်အား စွန့်လွှတ်မည် မဟုတ်ကြောင်း တရားဝင် ပြောကြား

အီရန်နိုင်ငံ နျူကလီးယား စေ့စပ်ညှိနှိုင်းသူ Hamid Ba’eedinejad အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန တာဝန်ရှိသူ တစ်ဦးက အီရန်နိုင်ငံ၏ ဒုံးကျည် အစီအစဉ်သည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေပြီး ယင်းအစီအစဉ်ကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း Press TV ကဖော်ပြခဲ့သည်။

အီရန်နိုင်ငံ၏ ဒုံးကျည်စနစ်အား တိုးတက်အောင် လုပ်ဆောင်ခြင်းသည် ကာကွယ်ရေး ရည်ရွယ်ချက်များ အတွက်သာ ဖြစ်ပြီး နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို လုပ်ဆောင်ရာတွင် အခြားသူများ၏ အမြင်အပေါ် အခြေခံ၍ လုပ်ဆောင်မည် မဟုတ်ကြောင်း အီရန်နိုင်ငံ နျူကလီးယား စေ့စပ်ညှိနှိုင်းသူ Hamid Ba’eedinejad က အနောက်နိုင်ငံ အချို့၏ အီရန်ဒုံးကျည်စနစ်အပေါ် ဆန့်ကျင်ဖက် အမြင်များအား ပြန်လည် တုံ့ပြန်သည့် အနေဖြင့် ပြောကြားခဲ့သည်။
Ba’eedinejad က အီရန်၏ ဒုံးကျည် အစီအစဉ် အပေါ် ဆန့်ကျင်သည့် ပြည်ပနိုင်ငံများသည် အီရန်အား နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အကျိုးစီးပွား အတွက် လုပ်ဆောင်ခြင်းမှ ရပ်ဆိုင်းရန် မမျှော်လင့်သင့်ကြောင်း၊ အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်သည် ဒေသတွင်းနှင့် အခြား နိုင်ငံများကို ခြိမ်းခြောက်ရန် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Bahram Qasemi က အီရန်နိုင်ငံ၏ ဒုံးကျည် စမ်းသပ်မှုအပေါ် နေတိုး (NATO) အဖွဲ့ဝင်များ၏ စိုးရိမ် သံသယစိတ်များအား လျှော့ချရန် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.