Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံ ဘုရင် မိုဟာမက် ၆ တရုတ် နိုင်ငံသို့ လာရောက်မည်

မော်ရိုကိုနိုင်ငံ ဘုရင် မိုဟာမက် ၆ (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် မော်ရိုကိုနိုင်ငံ ဘုရင် မိုဟာမက် ၆ (Mohammed VI) သည် မေလ ၁၁ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း သိရသည်။

ဘုရင် မိုဟာမက် ၆ အား ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် မော်ရိုကို မြို့တော် Rabat ၌ မွေးဖွားခဲ့ပြီး ဘုရင် ဟတ်ဆန်း ၂ (Hassan II) ၏ သားဦး ဖြစ်ပြီး မွေးချင်းများထဲတွင် ဒုတိယမြောက်လည်း ဖြစ်သည်။
၎င်းသည် ၁၉၉၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ Nice-Antipolis တက္ကသိုလ်မှ ဥပဒေဖြင့် PhD ဘွဲ့ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ တော်ဝင် တပ်မတော်၏ ရုံးနှင့် ကြည်းတပ်များတွင် ညှိနှိုင်းရေးမှူး အဖြစ်လည်း ကောင်း၊ ယင်းနှစ်တွင်ပင် ဗိုလ်ချုပ်အဖြစ် လည်းကောင်း ရာထူး တက်ခဲ့သည်။ မိုဟာမက် ၆ သည် ၁၉၉၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ထီးနန်း ဆက်ခံခဲ့ကာ မော်ရိုကိုနိုင်ငံ၏ ၂၂ ဆက်မြောက် ဘုရင် ဖြစ်လာခဲ့သည်။
၂၀၀၂ ခုနှစ်တွင် မင်းသမီး Lalla Salma နှင့် ထိမ်းမြားခဲ့ပြီးနောက် ပထမဆုံး သားတော် မင်းသား Moulay EL Hassan အား ၂၀၀၃ ခုနှစ်၌ ဖွားမြင်ခဲ့သည်။
မိုဟာမက် ၆ သည် မင်းသား ဘဝဖြင့် တရုတ်နိုင်ငံသို့ ၁၉၉၁ ခုနှစ်က လာရောက်ခဲ့သည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၅၈ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံး တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ၂၀၀၂ ခုနှစ်က လာရောက်ခဲ့သည်။ ထို့ပြင် မိုဟာမက် ၆ သည် သီးသန့် ခရီးစဉ်အဖြစ် တရုတ် နိုင်ငံသို့ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ဟောင်ကောင်သို့ တစ်ကြိမ် လာရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.