Connect with us

Africa & Middle East

မော်ရိုကို ကမ်းရိုးတန်း အလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်လှေတိမ်းမှောက်ရာ ၄၅ဦးကယ်ဆယ်နိုင်ခဲ့ပြီး ၃ဦးသေဆုံး

အာဖရိကတိုက်မှ တရားမဝင်ရွှေ့ပြောင်းဒုက္ခအချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘက်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်း နာဒေါမြို့ ကမ်းရိုးတန်းအလွန်တွင် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ၏ ရာဘာလှေတိမ်းမှောက်ခဲ့ရာ အာဖရိကတိုက် sub-Sahara ဒေသမှ အာဖရိကလူမျိုး ၄၅ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦး ၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

မော်ရိုကို အာဏာပိုင်များက ပြည်သူ့အစိုးရရှေ့နေရုံး၏ ကြီးကြပ်မှုအောက်တွင် ယင်းလှေတိမ်းမှောက်မှုဖြစ်စဉ် အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အာဖရိကတိုက် sub-Sahara ဒေသမှ အာဖရိကလူမျိုး ထောင်ပေါင်းများစွာသည် ကောင်းမွန်သည့် ဘဝတစ်ခု တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဥရောပတိုက်သို့ သွားရောက်ရန် နှစ်တိုင်း မော်ရိုကိုနိုင်ငံ၌ တရားမဝင် နေထိုင်စောင့်ဆိုင်းနေလေ့ရှိကြောင်း သိရသည်။

မော်ရိုကိုနိုင်ငံမှတစ်ဆင့် စပိန်နိုင်ငံသို့ ရောက်ရှိလာသည့် တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်သည် ၂၀၀၂ခုနှစ်မှ စတင်၍ ၉၀ရာခိုင်နှုန်းလျော့ကျလာကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မော်ရိုကိုနိုင်ငံသည် ဥရောပတိုက်သို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် တင်းကျပ်သည့် မူဝါဒတစ်ခု ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံအတွင်း ရွှေ့ပြောင်းဒုက္ခသည်များ နေထိုင်ခွင့်ရရှိစေရန် တံခါးဖွင့်ပေးထားကြောင်းသိရသည်။

မော်ရိုကိုနိုင်ငံအတွင်း ပထမအသုတ်အဖြစ် ဒုက္ခသည် ၂၅,၀၀၀အား တရားဝင်နေထိုင်ခွင့်ထုတ်ပေးခဲ့ပြီးနောက် ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ဒုတိယအသုတ် တရားမဝင်ဒုက္ခသည်များကို နိုင်ငံအတွင်းနေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.