Connect with us

Africa & Middle East

ကုလသမဂ္ဂ က ၂၀၁၆ ခုနှစ်တွင် အီရတ်နိုင်ငံ၌ တိုက်ခိုက်မှုများ နှင့် အကြမ်းဖက်မှုများ ကြောင့် သာမန်ပြည်သူပေါင်း ၆၈၀၀ ကျော်သေဆုံးခဲ့ဟု ပြောကြား

အီရတ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှု တစ်ခုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ ၏ အီရတ် ထောက်ပံ့ရေး အဖွဲ့ မှ ယခုရက်ပိုင်းတွင် ဖော်ပြခဲ့သည့် အစီရင်ခံစာ တစ်ခုတွင် ၂၀၁၆ ခုနှစ် ၌ အီရတ် နိုင်ငံ တွင် တိုက်ခိုက်မှုများ နှင့် အကြမ်းဖက်မှုများကြောင့် အနည်းဆုံး သာမန် ပြည်သူလူထုပေါင်း ၆၈၇၈ ဦး သေဆုံး ခဲ့ရပြီး ၁၂၃၈၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ၏ အီရတ် ထောက်ပံ့ရေး အဖွဲ့က တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာများ တွင် ထိခိုက်သေဆုံးသူ နှင့် လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်ရာတွင် ထိခိုက်သေဆုံးခဲ့သည့် ပြည်သူလူထု စာရင်း အတိအကျကို မရရှိနိုင်သောကြောင့် အထက်ဖေါ်ပြပါ အရေအတွက်သည့် အနည်းဆုံး စာရင်းသာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အီရတ် နိုင်ငံ အနောက်ပိုင်းရှိ Anbar ပြည်နယ် တွင် ပြီးခဲ့သည့် မေလ ၊ ဇွန်လ ၊ သြဂုတ်လ နှင့် ဒီဇင်ဘာလ များတွင် ထိခိုက်သေဆုံး ခဲ့သူများ အရေအတွက်သည် အထက်ပါ စာရင်းတွင် ပေါင်းထည့် ခဲ့ခြင်း မရှိသေးကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ၏ အီရတ် ထောက်ပံ့ရေး အဖွဲ့က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် ပြုလုပ်ခဲ့သည့် စာရင်းတွင် ထိုလ အတွင်း အီရတ် နိုင်ငံတွင် စုစုပေါင်း ၃၈၆ ဦးသော သာမန်ပြည်သူလူထု သေဆုံး ခဲ့ပြီး ၁၀၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အစိုးရ တပ်ဖွဲ့ မှ အကြမ်းဖက်တပ်ဖွဲ့ IS သိမ်းပိုက်ထားသည့် အီရတ် နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ဖြစ်သည့် Mosul ကို ပိတ်ဆို့တိုက်ခိုက်ခဲ့သောကြောင့် ဒီဇင်ဘာလ အတွင်း ထို့မြို့တည်ရှိသည့် ပြည်နယ်တွင် ၂၀၈ ဦးသေဆုံးကာ ၅၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် မြို့တော် ဘဂ္ဂဒက် သည်လည်း ဒီဇင်ဘာလ တွင် ၁၀၉ ဦးသေဆုံးကာ ၅၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခင် နှင့်ကွဲပြားခဲ့သည် မှာ ကုလသမဂ္ဂ ၏ ယခု အစီရင် ခံစာတွင် လုံခြုံရေး ဝန်ထမ်းများ၏ ထိခိုက်သေဆုံးသူများ စာရင်း မပါဝင် ခြင်းဖြစ်သည်။ ကုလသမဂ္ဂ ၏ နိုဝင်ဘာလ က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် နိုဝင်ဘာလ အတွင်း အီရတ် အစိုးရတပ်ဖွဲ့မှ စစ်သည် ပေါင်း ၂၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့ပြီး အီရတ် စစ်ဘက်ဆိုင်ရာ၏ ဝေဖန်မှု ကိုခံခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.