Africa & Middle East
ယီမင်နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဝမ်းရောဂါဖြစ်ပွားသူအဖြစ် သံသယရှိသူ ၄၆၀,၀၀၀ကျော်တွေ့ရှိပြီး သေဆုံးသူ ၇၀၅ ဦးရှိ
ကုလသမဂ္ဂ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဝမ်းရောဂါဖြစ်ပွားသူ ၃၈၀,၀၀၀ရှိခဲ့ပြီး ယခုနှစ် ဝမ်းရောဂါဖြစ်ပွားသူအဖြစ် သံသယရှိသူ ၄၆၀,၀၀၀ကျော်ရှိသဖြင့် ယခုနှစ် ရောဂါဖြစ်ပွားသူပိုမို များပြားလာကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၈ ရက်နေ့တွင် ပြောကြားသည်။
ယခုနှစ်တွင် ဝမ်းရောဂါဖြစ်ပွားသည့်ဟု သံသယရှိသူများအနက် လူ ၇၀၅ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres၏ ပြောရေးဆိုခွင့်ရှိသူ Farhan Haqက ပြောကြားသည်။
၂၀၁၉ ခုနှစ်တွင်း ဝမ်းရောဂါဖြစ်ပွားသူအဖြစ် သံသယရှိသူများတွင် ကလေး ၂၀၀,၀၀၀ရှိကြောင်း သိရသည်။
နိုင်ငံအနှံ့အပြားတွင် ပြီးခဲ့သည့်ကာလအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စွန့်ပစ်စီမံခန့်ခွဲစနစ်များနှင့် သောက်သုံးရေ (သို့) ဆည်မြောင်းများသို့ ရေသန့်ရှင်းရေးများ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုကြောင့် ပိုမိုဆိုးဝါးခဲ့ကြောင်း Haqက ဆိုသည်။
ကုလသမဂ္ဂနှင့် ယင်း၏ မိတ်ဖက် နိုင်ငံများမှ ယီမင်နိုင်ငံတွင် လူ ၁၂၀၀နီးပါး ယီမင်နိုင်ငံတွင် ဝမ်းရောဂါကာကွယ်ကုသရေး နေရာများသို့ သွားရောက်ခဲ့ကြပြီး အဆိုပါ ကာကွယ်ရေး နေရာများတွင် အရေးပေါ် ရန်ပုံငွေ လိုအပ်နေကြောင်းလည်း သိရသည်။(Xinhua)