Africa & Middle East
ရဝမ်ဒါစစ်တပ်က ပြန်ပေးဆွဲခံရသူ အရပ်သား ၇၄ ဦးအား ကယ်ဆယ်
ခီဂါးလီ ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)
ယခုရက်ပိုင်းများတွင် ရဝမ်ဒါနိုင်ငံ တောင်ပိုင်း၌ ပြန်ပေးဆွဲခံရသူ အရပ်သား ၇၄ ဦးကို စစ်တပ်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဝမ်ဒါနိုင်ငံ ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၁၅ ရက် ညပိုင်းက ရဝမ်ဒါနိုင်ငံတောင်ပိုင်းNyamagabe ဒေသတွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲခံရသော အရပ်သား ၇၄ ဦးအား စစ်တပ်က ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဝမ်ဒါနိုင်ငံ ကာကွယ်ရေးတပ်၏ပြောရေးဆိုခွင့်ရှိသူ Innocent Munyengango က ယင်းနေ့တွင် ဖုန်းဖြင့် ဆင်ဟွာသို့ပြောကြားခဲ့သည်။
အမည်မသိလက်နက်ကိုင်တစ်စုက ဒီဇင်ဘာ ၁၅ ရက်တွင် ရဝမ်ဒါနိုင်ငံ Nyamagabe ဒေသကို တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦးသေဆုံးပြီး လူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများတွင် ၂ ဦးသည် ဒဏ်ရာ ပြင်းထန်သောကြောင်း သေဆုံးခဲ့ကြောင်း ရဝမ်ဒါနိုင်ငံ ကာကွယ်ရေးတပ်က အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရဝမ်ဒါနိုင်ငံ ကာကွယ်ရေးတပ်က ၎င်းလက်နက်ကိုင် များကို လိုက်လံပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် ၃ ဦး သေဆုံးခဲ့ကြောင်းနှင့် ကျန်လက်နက်ကိုင်များမှာ အိမ်နီးချင်း ဘူရွန်ဒီနိုင်ငံ သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။ (Xinhua)