Connect with us

Africa & Middle East

ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် ဆော်ဒီအိမ်ရှေ့မင်းသား ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအားတွေ့ ရစဉ်(ဆင်ဟွာ)

ရီယတ်ဒ် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မိုက်ပွန်ပီယို နှင့် ဆော်ဒီအာရေဗျနိုင်ငံအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်(Mohammed bin Salman) တို့သည် ဆော်ဒီနိုင်ငံ ဂျတ်ဒါး(Jeddah) ၌ စက်တင်ဘာ ၁၈ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့သည် ပြီးခဲ့သော စက်တင်ဘာ ၁၄ ရက်က ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ အရှေ့ပိုင်းရှိ ရေနံချက်စက်ရုံ ၂ ခု ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းအပေါ် လက်တုံ့ပြန်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း နှင့် ဒေသတွင်း အီရန်နိုင်ငံ၏ ရန်လိုမှုများအပေါ် ထိန်းချုပ်ရေးကြိုးပမ်းမှုတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို အပြန်အလှန်သုံးသပ်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံးဈေးကွက်များအတွက် ရေနံထောက်ပံ့မှုပြုလုပ်ပေးနေသော ဆော်ဒီရေနံချက်စက်ရုံများတိုက်ခိုက်ခံရမှုနောက်ကွယ်တွင် အီရန်နိုင်ငံက ပါဝင်ပတ်သက်မှုရှိကြောင်း အမေရိကန် နှင့် ဆော်ဒီ နှစ်နိုင်ငံစလုံးက စွပ်စွဲထားသည်။

Al Arabiya ရုပ်သံဖော်ပြချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်ခိုက်မှုနောက်ကွယ်တွင် ဟူသီသူပုန်များအစား အီရန်က ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ဆိုခဲ့သည်။(Xinhua)