Africa & Middle East
လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၄၅ ဦး ကယ်ဆယ်ခဲ့
ထရီပိုလီ၊ ဇွန် ၅ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် ဇွန်လ ၄ ရက်အစောပိုင်းက ကယ်ဆယ်ရေးတစ်ခုပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းနေထိုင်သူ ၄၅ ဦးအား ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားရေတပ်က ဇွန် ၄ ရက်က ကြေညာခဲ့သည်။
ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာနေရာမှာ ထရီပိုလီကမ်းရိုးတန်းမှ ၁၀၅ ကီလိုမီတာခန့်အကွာ၌ဖြစ်ကြောင်း ဇွန်လ ၄ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရေတပ်ကပြောကြားထားသည်။
ကယ်ဆယ်ခဲ့ရသော ရွှေ့ပြောင်းနေထိုင်သူများအား လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာ အကူအညီ ထောက်ပံ့ထားကြောင်းနှင့် ယင်းမြို့ရှိ လက်ခံရေးစင်တာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင်လည်း အမျိုးသမီးနှင့် ကလေးငယ် ၄၂၄ ဦးအား လစ်ဗျားရေတပ်က ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
လစ်ဗျားနိုင်ငံသည် မိခင်နိုင်ငံအသီးသီးရှိ လက်နက်ကိုင်ပဋိပက္ခများ သို့မဟုတ် အစွန်းရောက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် ဥရောပသို့ သွားရောက်လိုသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအတွက် ထွက်ခွာရာနေရာတစ်ခုဖြစ်နေကြောင်း သိရသည်။ (Xinhua)