Africa & Middle East
လူမျိုးစုအကြမ်းဖက်မှုများကြောင့် အီသီယိုးပီးယား အနောက်ပိုင်းရှိ လူပေါင်းနှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာထွက်ပြေး
အက်ဒစ်အဘာဘာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
လူမျိုးစုအကြမ်းဖက်မှုများကြောင့် အီသီယိုးပီးယား အနောက်ပိုင်းရှိ လူပေါင်းနှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သည်။
သတင်းထုတ်ပြန်ချက်အတွင်း၌ အိုရိုမီးယားနှင့် ဘီနီရှန်ဂူလ်ဂူမတ်စ် ပြည်နယ် နယ်စပ်တစ်လျှောက်တွင် လူမျိုးစု အကြမ်းဖက်မှုများကြောင့် စက်တင်ဘာလမှစ၍ လူပေါင်း ၂၅၅,၀၀၀ နေရပ်စွန့်ခွာပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း UNOCHAက ပြောသည်။
အီသီယိုးပီးယား အနောက်ပိုင်းတွင် လူမျိုးစုအကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများ၏ အရေးပေါ်လိုအပ်ချက်များအတွက် အမေရိကန် ဒေါ်လာ ၂၅.၅ သန်းအရေးပေါ်လိုအပ်နေကြောင်း UNOCHAက ဆိုသည်။
အိုရိုမီးယားပြည်နယ်အတွင်းတွင် အိမ်နီးချင်း ဘီနီရှန်ဂူလ်ဂူမတ်စ် ပြည်နယ်မှ အဆင့်မြင့်အရာရှိ လေးဦး သတ်ခံရပြီးနောက် စက်တင်ဘာလမှ စ၍ လူမျိုးစုအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည်။(Xinhua)