Connect with us

Africa & Middle East

အီရတ်အခြေစိုက် အမေရိကန်စစ်တပ်အား ထရမ့် သွားရောက်ကြည့်ရှု

အမေရိကန် သမ္မတ ထရမ့်နှင့် ဇနီး မယ်လာနီယာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာ(Anbar)ပြည်နယ်ရှိ Ayn al-Asad လေတပ်စခန်းသို့ ရုတ်တရက်လာရောက်ကြည့်ရှုခဲ့ ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြား ၏ သတင်းများအရသိရသည်။

ရုပ်မြင်သံကြားသတင်းများအရ သမ္မတ ထရမ့်နှင့်ဇနီးသည် တပ်စခန်း၏ထမင်းစားဆောင်တွင် အီရတ်အခြေစိုက် အမေရိကန် စစ်တပ်အရာရှိများ၊တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကြောင်း သိရသည်။ ၎င်းမှာ ထရမ့်အာဏာရပြီး ၂ နီးပါးကာလအတွင်းတွင် ပထမဆုံးအကြိမ် အီရတ်သို့ လာရောက် လည်ပတ်ခြင်းဖြစ်ကြောင်း ၊ ယခုခရီးစဉ်နှင့်စပ်လျဉ်း၍ ကြိုတင်ကြေညာထားခြင်းမရှိကြောင်း သိရသည်။

ထရမ့်၏ယခုလည်ပတ်ကြည့်ရှုခြင်းခရီးစဉ်မှာ နာရီအနည်းငယ်ကြာမြင့်ကြောင်းနှင့် အီရတ်နိုင်ငံ အရာရှိများနှင့် တွေ့ဆုံမှုမရှိကြောင်း သိရသည်။

သမ္မတ ထရမ့်နှင့် ဇနီး မယ်လာနီယာသည် ခရစ္စမတ်ညတွင် အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် များအား သွားရောက်ကြည့်ရှုကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Sanders က ဒီဇင်ဘာ ၂၆ ရက်တွင် ၎င်း၏တွစ်တာလူမှုကွန်ရက်၌ ဖော်ပြထားသည်။

ထရမ့်က ၎င်းအီရတ်သို့သွားရောက်စဉ်ကာလအတွင်းတွင် အမေရိကန်စစ်တပ်ကို အီရတ်မှရုပ်သိမ်းရန် အစီအစဉ်မရှိဟု ဆိုကြောင်း အချို့မီဒီယာများက ဖော်ပြထားသည်။

ဆီးရီးယားရှိ IS အစွန်းရောက်အဖွဲ့အား တိုက်ခိုက်ချေမှုန်းရာတွင် အောင်မြင်မှုများရရှိခဲ့သောကြောင့် ဆီးရီးယာမှ အမေရိကန် စစ်တပ်ရုပ်သိမ်းခြင်း ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့ ရာ အချို့က အီရတ်ရှိ အမေရိကန်စစ်တပ်ကို ပြန်ရုပ်သိမ်းနိုင်ခြေ ရှိမရှိ ခန့်မှန်း ကြသည် ။ လက်ရှိ အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၅၂၀၀ ခန့် ရှိပြီး အီရတ်လုံခြုံရေးတပ်ဖွဲ့ အတွက် ထောက်ပံ့မှု နှင့်လေ့ကျင့်ရေးများပြုလုပ်ပေးနေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.