Connect with us

Africa & Middle East

သြစတြေးလျ နိုင်ငံ တပ်ဖွဲ့ဝင် ၂၅ ဦး က အာဖဂန်နစ္စတန်နိုင်ငံ တွင် အကျဉ်းသား များ နှင့် အရပ်သားများ အား သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သည်ဟု သံသယရှိကြောင်း သြစတြေးလျ အစီရင်ခံစာထုတ်ပြန်

သြတြေးလျ အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကင်ဘာရာ ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး
သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူး Angus John Campbell က နိုဝင်ဘာ ၁၉ ရက်တွင် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ တပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်နေသော သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင် ၂၅ ဦး က အာဖဂန်နစ္စတန် နိုင်ငံ တွင် အကျဉ်သားများ နှင့် အရပ်သားများ အား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သံသယရှိကာ ၎င်းတို့အနက် ၁၉ ဦး အား ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အကြံပြုခဲ့သည်။

အစီရင်ခံစာတွင် ၂၀၀၅ ခုနှစ် မှ ၂၀၁၆ ခုနှစ် အထိ အာဖဂန်နစ္စတန်နိုင်ငံ တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သြစတြေးလျတပ်ဖွဲ့ဝင်များ စစ်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်း ရှိမရှိ ကို အချိန် ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ၊ စုံစမ်းစစ်ဆေးမှုအရ ယင်းကာလအတွင်း သြစတြေးလျတပ်ဖွဲ့ဝင် ၂၅ ဦး က အကျဉ်းသား နှင့် အရပ်သား ၂၃ ဦးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိကြောင်း ၊ ဖြစ်စဉ်တစ်ခုလုံးတွင် လူပေါင်း ၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂ ဦး က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ပါဝင်ခဲ့သည်။

အစီရင်ခံစာတွင် အဆိုပါကိစ္စရပ်များက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ် သတ်ဖြတ်ခံခဲ့ရခြင်း မဟုတ်ကြောင်း ၊ သတ်ဖြတ်ခံရသူများအနက် အချို့က သြစတြေးလျစစ်တပ်မှ စစ်ဆင်ရေးဆောင်ရွက်နေစဉ် သတ်ဖြတ်ခံရသည့် အရပ်သားများဖြစ်ကြပြီး အများစုမှာ သြစတြေးလျတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားသူများ ဖြစ်ကြကြောင်း ၊ စုံစမ်းစစ်ဆေးမှုအရ အသက်ငယ်သည့် တပ်ဖွဲ့ဝင်များ က အရာရှိ၏ ညွှန်ကြားမှုအောက်တွင် အကျဉ်းသားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပထမအကြိမ် ပစ်ခတ်ရှင်းလင်းမှုလေ့ကျင့်ရေးကို ပြုလုပ်ခဲ့ကြကြောင်း ၊ သြစတြေးလျ တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆင်ရေးတွင် သတ်ဖြတ်ခံရသူများ၏ ဘေးတွင် လက်နက်များ ထားရှိကာ အသတ်ခံရသူအနေဖြင့် တရားဝင် ပစ်ခတ်နိုင်သည့် သက်သေအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း ပါဝင် ခဲ့သည်။

သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူး Angus John Campbell က သတင်းစာရှင်းလင်းပွဲတွင် အရပ်သားများအား သတ်ဖြတ်ခြင်း နှင့် ပြစ်မှုကျူးလွန်ခြင်းသည် လုံးဝလက်ခံ၍ မရကြောင်း ၊ စစ်ဆင်ရေးလှုပ်ရှားမှု ကျင့်ဝတ် နှင့် ပရော်ဖက်ရှင်နယ်တန်ဖိုး နှင့်လည်း လုံးဝ ဆန့်ကျင်ကြောင်း ပြောကြား ခဲ့သည်။
သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison က နိုဝင်ဘာ ၁၉ ရက် ၌ သတင်းမီဒီယာမျာ နှင့် တွေ့ဆုံရာတွင် သြစတြေးလျနိုင်ငံ အစိုးရ အနေဖြင့် ယင်းအစီရင်ခံစာအပေါ် အလွန်အလေးထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား စုံစမ်းစစ်ဆေးမှုပြုလုပ်သွားစေမည်ဖြစ်ကာ ဥပဒေအရ အရေးယူ ဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.