Connect with us

Africa & Middle East

အစ္စရေးက ဂျေရုဆလင်မြို့ဆင်ခြေဖုံးရှိ ပါလက်စတိုင်း နေအိမ်များအား ဖြိုချ

အစ္စရေး နိုင်ငံ ၊ မြို့ တော် ဂျေရုစလင်အား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုဆလင် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဂျေရုဆလင်မြို့၏ ဆင်ခြေဖုံးတွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ပါလက်စတိုင်းလူနေအိမ်များကို အစ္စရေးတပ်ဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် စတင်ဖြိုဖျက်နေပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် အရှေ့ဂျေရုဆလင်၏ အရှေ့တောင်ဘက် လုံခြုံရေး အတားအဆီး ဂိတ် အနီးတွင် တည်ရှိသည့် ပါလက်စတိုင်းအခြေချရပ်ကွက်တစ်ခုဖြစ်သော Sur Baher ဆင်ခြေဖုံး ရပ်ကွက် သို့သွားရောက်ကာ ပါလက်စတိုင်းနေအိမ် အမြောက်အများကို ညလုံးပေါက် ဖြိုချဖျက်ဆီးခဲ့ကြောင်း Times of Israel သတင်းစာကဆိုသည်။

၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ခြောက်ရက်ကြာ စစ်ပွဲ အတွင်း အစ္စရေးက Sur Baher ဒေသကို သိမ်းပိုက် ခဲ့ခြင်း ဖြစ်သည်။

ယင်းဒေသအတွင်း ပါလက်စတိုင်းအိမ်ယာများကို အစ္စရေးက ဖြိုချဖျက်ဆီးနေမှုအပေါ် ဆန့်ကျင်ကြောင်း ပါလက် စတိုင်းလွတ်မြောက်ရေးတပ်ဖွဲ့(PLO) က ဇူလိုင် ၂၁ ရက်တွင် သတင်းပေးချက်ထုတ်ပြန်ခဲ့ပြီး ယင်းမှာ “ နိုင်ငံ တကာ ဥပဒေကို ချိုးဖောက်သည့် စစ်ရာဇဝတ်မှုတစ်ခု” ဖြစ်ကြောင်း နှင့် ယင်းကိစ္စအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.