Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

အစ္စရေး နိုင်ငံသို့တရုတ်ခရီးသွားများ ဝင်ရောက်မှု ၅ လတာ အတွင်း ၅၁ ရာခိုင်နှုန်း မြင့်တက် - Xinhua News Agency
Connect with us

Africa & Middle East

အစ္စရေး နိုင်ငံသို့တရုတ်ခရီးသွားများ ဝင်ရောက်မှု ၅ လတာ အတွင်း ၅၁ ရာခိုင်နှုန်း မြင့်တက်

အစ္စရေး နိုင်ငံသို့ လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသွားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ဂျေရုစလမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ်နိုင်ငံသား ခရီးသွားများ ဝင်ရောက်လည်ပတ်မှု အရေအတွက်မှာ ယခင်နှစ် အလားတူ ကာလထက် ၅၁ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းဗျုရိုမှ ဇွန် ၄ ရက်တွင် သိရသည်။

တရုတ်နိုင်ငံသား ခရီးသွား ၇၀,၈၀၀ ဦးသည် ယခုနှစ် ၅ လတာ အတွင်း အစ္စရေး နိုင်ငံသို့ဝင်ရောက် လည်ပတ်ခဲ့ရာ ယခင်နှစ် အလားတူကာလတွင် ၄၆,၉၀၀ ဦး ဝင်ရောက်ခဲ့မှုထက် မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်ဟု သိရသည်။

အစ္စရေး နိုင်ငံသို့မေလ အတွင်း တရုတ်နိုင်ငံသား ခရီးသွား ၁၅,၃၀၀ ဦး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် မေလကထက် ဦးရေ ၄,၀၀၀ ပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ အစ္စရေး နိုင်ငံသို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည် စုစုပေါင်း ၁.၉ သန်း ဝင်ရောက် လည်ပတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အလားတူ ကာလထက် ၈.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.