Africa & Middle East
အမေရိကန်ဆီက တင့်ကားဖျက်ဒုံးကျည် ၁,၂၀၀ခု ဝယ်ယူရန် မော်ရိုကို စီစဉ်

ရာဘက်၊ ဒီဇင်ဘာ ၁၃ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံသည် TOW 2A အမျိုးအစား တင့်ကားဖျက်ဒုံးကျည် ၁,၂၀၀ခုအား အမေရိကန်နိုင်ငံ မှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဒီဇင်ဘာ ၁၂ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ စာချုပ်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အတည်ပြုပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၇သန်း ကုန်ကျမည်ဖြစ်ကြောင်း Hespress သတင်းဝက်ဘ်ဆိုက်၌ဖော်ပြခဲ့သည်။
သဘောတူစာချုပ်အရ ဒုံးကျည်နှင့် သက်ဆိုင်သည့် စက်မှုပညာရပ်များ၊ နည်းပညာပိုင်းများ နှင့် ပို့ဆောင်ရေးဝန်ဆောင်မှု အားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ ၏ပြောကြားချက်ကို ကိုးကား၍ Hespress ကဖော်ပြခဲ့သည်။
မော်ရိုကိုနိုင်ငံသည် အယ်လ်ဂျီးရီးယားနိုင်ငံနည်းတူ အာဖရိကနိုင်ငံများအတွင်း ထိပ်တန်းလက်နက် ဝယ်ယူသူများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။