Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ Palmyra ရှေးဟောင်းမြို့တော်ကို အိုင်အက်စ်တို့ပြန်သိမ်းပိုက်

အိုင်အက်စ်တို့ ဖျက်ဆီးပစ်ခဲ့သော ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဆီးရီးယားနိုင်ငံရှိ Palmyra မြို့ ဟောင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်စ် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ Palmyra ရှေးဟောင်းမြို့တော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် အိုင်အက်စ်(IS) အကြမ်းဖက်သမားများက ပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ၎င်းမြို့မှာ လွန်ခဲ့သော ၉ လခန့်တွင် အိုင်အက်စ်တို့ထံမှ ဆီးရီးယားစစ်တပ်က သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေးရက်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ဆီးရီးယားနိုင်ငံအလယ်ပိုင်း Homs ပြည်နယ်ရှိ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်ကတည်ရှိခဲ့သော အိုအေစစ်မြို့( Palmyra ရှေးဟောင်းမြို့တော်) ကို အိုင်အက်စ်တို့က အောင်မြင်စွာပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများက ဆိုသည်။

၎င်းမြို့ထဲရှိ လေဆိပ် ၊ ရှေးဟောင်းမြို့တော်အစိတ်အပိုင်း နှင့် ခံတပ် စသည်တို့ကို အိုင်အက်စ်တို့က သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။မြို့သိမ်းတိုက်ပွဲအတွင်း ဆီးရီးယားစစ်သား ၁၂ဝ ကျော်ကျဆုံးပြီး အိုင်အက်စ်စစ်သွေးကြွတို့ဘက်မှလည်း အရေအတွက် ဆယ်ဂဏန်းကျော် ကျဆုံးခဲ့ကြောင်း သိရသည်။

အိုင်အက်စ်တို့တပ်စွဲထားရာ နေရာများကို ဆီးရီးယားလေတပ် နှင့် ရုရှားလေတပ်များက

လေကြောင်းတိုက်ခိုက်နေသည့်ကြားမှာပင် ဆီးရီးယားစစ်သားများသည် Palmyra မြို့တောင်ဘက်မှ ဆုတ်ခွာခဲ့ရသည်။

အိုင်အက်စ်တို့သည် Palmyra မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် တိုက်ခိုက်ရေးသမား ရာပေါင်းများစွာဖြင့် ဒီဇင်ဘာလ ၈ ရက်တွင် မြို့သိမ်းတိုက်ပွဲကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားစစ်တပ်သည် အိုင်အက်စ်တို့လက်ထဲကျရောက်နေသော Palmyra မြို့ကို ၂ဝ၁၆ ခုနှစ် မတ်လ ၂၇ ရက်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။၎င်းမြို့သည် ကမ္ဘာ့အထင်ကရရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပြီး ယိုယွင်းပျက်စီးနေသော ရှေးဟောင်းလက်ရာများစွာကို ထိန်းသိမ်းထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.