Africa & Middle East
အလီဘာဘာတည်ထောင်သူဂျက်မား၏ အစ္စရေးနိုင်ငံသို့စီးပွားကိစ္စ ခရီးစဉ်စတင်

တဲလ်အဗစ် ၊ မေ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ(Alibaba) အုပ်စု၏ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ဂျက်မားသည် ဧပြီ ၃ဝ ရက်တွင် အစ္စရေးနိုင်ငံသို့ရောက်ရှိလာကြောင်း သိရသည်။
ဂျက်မား၏ ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု(Benjamin Netanyahu) နှင့် အစ္စရေးနိုင်ငံစီးပွားရေး နှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနဝန်ကြီး Eli Cohen တို့နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးသည် မေလ ၃ရက် မွန်းလွဲပိုင်းတွင် တဲလ်အဗစ်တက္ကသိုလ်(Tel Aviv University) မှ ကျောင်းသားကျောင်းသူများ ၊ ဘွဲ့ရများ နှင့်တွေ့ဆုံ၍ ၎င်းတို့၏ မေးခွန်းမေးမြန်းမှုများကို ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ၊ ယင်းနောက်တွင် တက္ကသိုလ်မှ ပေးအပ်ချီးမြှင့်မည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုလည်း လက်ခံ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
အလီဘာဘာသည် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အစ္စရေးနိုင်ငံအခြေစိုက် QR ကုဒ်များ အသုံးပြုရန် သဘောတူညီမှုတစ်ရပ်ကို ရယူခဲ့ကြောင်း ၊ ယင်းမှာ အစ္စရေးနိုင်ငံ၏ အကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော tech hub Tel Aviv တွင် R&D စခန်းများကို တည်ထောင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရသည်။(Xinhua)