Africa & Middle East
အသက်အကြီးဆုံး လူအရိုး ဆော်ဒီအာရေဗျတွင် တွေ့ရှိ
ရီယတ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ အနောက်မြောက်ပိုင်းရှိ Tabuk မြို့တွင် အသက်အကြီးဆုံး လူရိုးအား ရှာဖွေတွေ့ရှိခဲ့ ကြောင်း ဆော်ဒီအာရေဗျက ကြေညာခဲ့ကြောင်း သြဂုတ်လ ၁၈ ရက်၌ အယ်လ် အာရေဗျ ပြည်တွင်း သတင်းစာ က ကြေညာခဲ့သည်။
ရှာဖွေတွေ့ရှိခဲ့သော အရိုးသည် နှစ်ပေါင်း ၉၀,၀၀၀ အကြာက သက်ရှိထင်ရှားရှိခဲ့သည့် လူသား တစ်ဦး၏ လက်ခလယ်၏ အလယ်ပိုင်း အစိတ်အပိုင်း ဖြစ်ပြီး ယင်းသည် အာရေဘီယံ ကျွန်းဆွယ်တွင် တွေ့ရှိခဲ့သည့် အသက်အကြီးဆုံး လူသားအား ခြေရာကောက်မိခြင်း ဖြစ်သည်။
ထို အရိုးအား သမိုင်းဝင် နေရာ တစ်ခုဖြစ်သည့် Tayma တူးဖော်ရေး လုပ်ငန်းခွင်၌ တွေ့ရှိခဲ့ခြင်း ရှိကြောင်း ခရီးသွားနှင့် အမျိုးသား ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ ဆော်ဒီ ကော်မရှင်က ကြေညာခဲ့သည်။
ယခုလို ရှာဖွေတွေ့ရှိမှုအား ဆော်ဒီ ရှေးဟောင်းသုတေသန ပညာရှင်များနှင့် အောက်စဖို့ တက္ကသိုလ်မှ ကျွမ်းကျင် ပညာရှင်များ ပူးတွဲလုပ်ဆောင်ခဲ့သည့် သုတေသန အဖွဲ့မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သုတေသနအဖွဲ့သည် ဆော်ဒီအာရေဗျတွင် သမိုင်းဝင် နေရာများစွာ၌ ဆော်ဒီ- ဗြိတိန် သုတေသနနှင့် တူးဖော်ရေး အဖွဲ့တစ်ခုဖြစ်သည့် Green Arabia Project ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ (Xinhua)