Africa & Middle East
အာဖဂန်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွ ၈ဦးသေ၊ မူးယစ်ဆေးဝါးစက်ရုံတစ်လုံး ပျက်စီး

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် ရှိ တာလီဘန်တို့၏ မူးယစ်ဆေးဝါးဓါတ်ခွဲခန်းတစ်ခု ကို ပစ်မှတ်ထား၍ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၈ဦးသေဆုံးပြီး မူးယစ်ဆေးဝါးဓါတ်ခွဲခန်းတစ်ခုပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန Bakhtar News Agency (BNA) က ဖေဖော်ဝါရီ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။
အနောက်ပိုင်း Farah ပြည်နယ် Bakwah ခရိုင် ရှိ Ashkamရွာ အား မဟာမိတ်ညွှန့်ပေါင်းတပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်သွေးကြွ ၈ဦးသေဆုံးပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးစက်ရုံ ပျက်စီးခဲ့ကြောင်း BNA က ဖော်ပြခဲ့သည်။
အသေးစိတ်အချက်အလက်များ ထုတ်ပြန်ချက်မရှိသော်လည်း သတင်းဋ္ဌာနက အာဖဂန်အစိုးရသည် နိုင်ငံတွင်း တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု အန္တရာယ်ကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။ (Xinhua)