Connect with us

Africa & Middle East

အီရတ် နိုင်ငံ အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းအား အကြမ်းဖက် တပ်ဖွဲ့ က တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂၇ ဦး သေဆုံး

အကြမ်းဖက် အဖွဲ့အစည်း ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများအတွက် ဈာပန အခမ်းအနား ကျင်းပ နေစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ရှီးအိုက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် ပြည်သူ့လှုပ်ရှားမှု အဖွဲ့အစည်း မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညပိုင်း အချိန်တွင် နိုင်ငံမြောက်ပိုင်း Kirkuk ပြည်နယ်၌် အကြမ်းဖက် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကို ခံခဲ့ရကာ လူပေါင်း ၂၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် အဖွဲ့အစည်း မှာ IS အစွန်းရောက် အဖွဲ့အစည်း ဖြစ်ပြီး Kirkuk ပြည်နယ် Hawija ဒေသတွင် ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၊ နှစ်ဘက်တပ်ဖွဲ့ အနေဖြင့် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး ပြည်သူ့လှုပ်ရှားမှု အဖွဲ့အစည်း မှ တပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ကြောင်း ပါဝင် ခဲ့သည်။

Hawija ဒေသ ရဲတပ်ဖွဲ့ ၏ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက် အရ ယခု တိုက်ခိုက်မှုကြောင့် ကား ၈ စင်း မီးလောင်ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။

Hawija ဒေသ သည် အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် မြောက်ပိုင်း ၂၃၀ ကီလိုမီတာ အကွာအဝေး တွင် တည်ရှိပြီး ၂၀၁၄ ခုနှစ် မှ စတင်၍ IS အစွန်းရောက် တပ်ဖွဲ့၏ သိမ်းပိုက်မှု ကို ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလပိုင်း တွင် အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ယင်းဒေသ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သော်လည်း အကြမ်းဖက် သမား များက ဆက်လက် ပုန်းခိုနေပြီး ခြုံခိုတိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.