Africa & Middle East
အာဖဂန်နစ္စတန်တွင် တိုက်ပွဲများ ဖြစ်ပွားရာ လူများစွာသေဆုံး

ရှီဘာဂန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ် Faizabad ခရိုင် တွင် စက်တင်ဘာ ၂၅ ရက်က တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှင့် စစ်သွေးကြွများစွာ သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ဒုရဲချုပ် Abdul Hafiz Khashi က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
တာဝန်ရှိသူ၏ ပြောကြားချက်အရ အစိုးရထောက်ခံသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက်ညပိုင်း တွင် Faizabad ခရိုင် Haider Abad ဧရိယာ ရှိ တာလီဘန် စစ်စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ကာ တာလီဘန်စစ်သွေးကြွများစွာ သေဆုံးခဲ့ကြောင်း သိရသည်။
Khashi က ယင်းတိုက်ပွဲအတွင်း အစိုးရထောက်ခံသော တပ်ဖွဲ့ဝင် တစ်ဦးသာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
တိုက်ပွဲအတွင်း အစိုးရထောက်ခံသော တပ်ဖွဲ့ဝင် ၆ဦးအပါအဝင် အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Faizabad ခရိုင် နှင့် အနီးအနား ဧရိယာများတွင် ငြိမ်းချမ်းရေးရရှိရန် အတွက် တာလီဘန်စစ်သွေးကြွများကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
တာလီဘန်စစ်သွေးကြွဘက်မှ ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ မှတ်ချက်ပေးပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)