Connect with us

Africa & Middle East

ရွှေ့ပြောင်းသွားလာသူများလိုက်ပါလာသည့် လှေအား မော်ရိုကို ရေတပ်ပစ်ခတ်သဖြင့် လူ၄ဦး ဒဏ်ရာရရှိ

မော်ရိုကို ရေတပ်မှ စစ်သင်္ဘောတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရာဘတ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မော်ရိုကို ရေတပ်သည် တရားမဝင်ရွှေ့ပြောင်းသွားလာသူများ လိုက်ပါလာသည့် လှေတစ်စင်းအား စက်တင်ဘာ ၂၅ ရက်က ပစ်ခတ်ခဲ့ရာ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ထုတ်ပြန်ချက်အရ အဆိုပါ လှေ မှ စပိန်ကပ္ပတိန်သည် သတိပေးချက်များကို ပြန်လည်တုံ့ပြန်ဆောင်ရွက်ရန် ငြင်းဆန်ခဲ့သည့်အတွက် မြေထဲပင်လယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ရေတပ် တပ်ဖွဲ့ က ယင်းလှေအား ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၄ဦးအား ပြည်နယ်ဆိုင်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ထုတ်ပြန်ချက်တွင် ယင်းဖြစ်ရပ် နှင့် ပတ်သက်၍ တိကျသော အကြောင်းရင်းအား သိရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပါရှိသည်။

မော်ရိုကို သတင်းဝက်ဘ်ဆိုက်ဖြစ်သော Medias24.com က တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကိုးကား၍ အဆိုပါ လှေသည် ရွှေ့ပြောင်းသွားလာသူများစွာကို တင်ဆောင်လာပြီး အားလုံးမှာ မော်ရိုကိုနိုင်ငံသားများဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.