Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့နန်ဂါဟာ၌ လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ် ၁၁ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုမြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကဘူးလ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့နန်ဂါဟာ(Nangarhar) ပြည်နယ်ရှိ စစ်သွေးကြွများ ထိန်းချုပ်ထားရာနေရာကို ယနေ့(စက်တင်ဘာလ ၆ ရက်)တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အား သစ္စာခံထားသည့် စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

“ ဒီနေ့မနက်စောစောမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နန်ဂါဟာပြည်နယ် ဟက်ကာမီန(Haska Mina) ခရိုင် ဒီဝါနာ ဘာဘာ( Diwana Baba) ကျေးရွာအတွင်း ပုန်းအောင်းနေသည့် စစ်သွေးကြွ ၁၁ ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုသည် ကဘူးလ်မြို့၏ အရှေ့ဘက် ၁၂ဝ ကီလိုမီတာအကွာရှိ အရှေ့နန်ဂါဟာပြည်နယ် Jalalabad ၌ အစိုးရအား ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ၎င်းလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.