Africa & Middle East
အာဖဂန် စစ်အခြေစိုက်စခန်းတွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် ၅ဦးသေ၊ ၁၀ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ၌ ဧပြီ ၂၈ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အရပ်သား ၄ဦး အပါအဝင် အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အရပ်သား ၇ဦး အပါအဝင် အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံ တောင်ပိုင်း ဟယ်လ်မန်ပြည်နယ် နက်အလီခရိုင် ရှိ စစ်စခန်းတစ်ခု၏ ဘေးတွင် အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသည့် ယာဉ်တစ်စီးအား ဖောက်ခွဲခဲ့ကြောင်း သိရသည်။ (Xinhua)