Africa & Middle East
အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၃၄ ဦး သေဆုံး ၊ ၆၈ ဦး ဒဏ်ရာရ

ကပူးလ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)
အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ယနေ့နံနက် အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၃၄ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ဒဏ်ရာ ရသူများကို နီးစပ်ရာ ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်း ဖြစ်သည့် Tolo TV ၏ ထုတ်လွှင့်မှု အရ သိရသည်။(Xinhua)