Connect with us

Africa & Middle East

အာဖရိက၏ ပထမဆုံး တက်ဘလက်ဖုန်းအား ပုံစံ ရေးဆွဲသူ ကွန်ဂို နိုင်ငံသားက ဒုတိယမြောက် တက်ဘလက်ဖုန်း အား ထပ်မံ ထုတ်လုပ်

အာဖရိက၏ ဒုတိယမြောက် တက်ဘလက်ဖုန်း “Elikia HD” အားပြသနေသည့် ကွန်ဂိုလူငယ် Verone Mankou အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရာဇာ ဗယ်လီ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အာဖရိကတိုက်၏ ပထမဆုံး တက်ဘလက်ဖုန်း အား ပုံစံ ရေးဆွဲသူ ကွန်ဂိုလူငယ် Verone Mankou ဦးဆောင်သည့် ကွန်ဂို ကုမ္ပဏီ VMK က မေ ၂၃ ရက်တွင် “Elikia HD” အမည်ရှိ ၎င်း၏ ဒုတိယမြောက် တက်ဘလက်ဖုန်း အား ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

Mankou က “Elikia HD တက်ဘလက် စမတ်ဖုန်း ဟာ အရည်အသွေးမြင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ Elikia HD ကို ထုတ်လုပ်ဖို့အတွက် အချိန်လေးနှစ် ယူခဲ့ရပါတယ်” ဟု မြို့တော် ဘရာဇာ ဗယ်လီတွင် ပြုလုပ်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။
အဆိုပါ တက်ဘလက် စမတ်ဖုန်းတွင် 3G ဆင်းကတ် တစ်ကတ် ထည့်သွင်း အသုံးပြုနိုင်ပြီး မျက်နှာပြင် အကျယ် ၇.၈၅ လက်မ ရှိကြောင်း သိရသည်။ ထို့အပြင် CPU အနေဖြင့် Quadri Core processor ကို အသုံးပြုထားပြီး internal space အနေဖြင့် 16GB ရှိကာ 32GB အထိ တိုးချဲ့ အသုံးပြုနိုင်ကြောင်း သိရသည်။
Elikia HD တွင် ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးပါရှိပြီး နောက်ဆုံးပေါ် Android version နှင့် အတူ Wifi နှင့် Bluetooth စနစ်တို့ ပါရှိကြောင်း သိရသည်။
ယင်း တက်ဘလက် အား အမေရိကန်ဒေါ်လာ ၁၇၀ ခန့်ဖြင့် မေလ ၃၀ ရက် မှစ၍ ရောင်းချတော့မည် ဖြစ်သည်။
VMK ကုမ္ပဏီသည် ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ၎င်း၏ ပထမဆုံး တက်ဘလက် စမတ်ဖုန်းအား ဈေးကွက်တွင် အလုံး ၁၀၀,၀၀၀ကျော် ရောင်းချနိုင်ခဲ့သည်။
VMK သည် ပထမဆုံး တက်ဘလက် စမတ်ဖုန်း အပြင် တယ်လီဖုန်း မော်ဒယ် (၄) မျိုးအား ထုတ်လုပ်ထားသည်။ နောက်ဆုံးပေါ် Elikia XS တယ်လီဖုန်း အား ဘရာဇာ ဗယ်လီမြို့ရှိ စက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အခြား တယ်လီဖုန်းများအား တရုတ်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.