Africa & Middle East
အိုင်အက်စ် ထိပ်တန်း စစ်ဆင်ရေး ခေါင်းဆောင် တစ်ဦး လက်ဘနွန် စစ်ဆင်ရေးတွင် သေဆုံး
ဘေရွတ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ဆီးရီးယား နယ်စပ်မြို့ တစ်မြို့သို့ စစ်တပ်မှ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အိုင်အက်စ် ထိပ်တန်း စစ်ဆင်ရေး ခေါင်းဆောင် တစ်ဦး သေဆုံးသွားခဲ့ကြောင်း လက်ဘနွန် တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်က ပြောသည်။
နေယဲ့ဖ် ရှာလန်း (Nayef Shaalan) အမည်ရှိ အိုင်အက်စ် စစ်ဆင်ရေး ခေါင်းဆောင်သည် နိုင်ငံ အရှေ့မြောက် နယ်စပ်မြို့ အာဆယ်တွင် ပြုလုပ်သည့် စစ်ဆင်ရေး၌ အသတ် ခံခဲ့ရကြောင်း စစ်တပ်ဘက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ဆင်ရေးတွင် ရှာလန်း၏ ကိုယ်ရံတော် တစ်ဦးလည်း သေဆုံးခဲ့ပြီး အခြားသူများလည်း ဖမ်းဆီးမိ ခဲ့ကြောင်း National News Agency က သတင်း တင်ပြထားသည်။
လက်ဘနွန်သည် ၂၀၁၄ ခုနှစ် သြဂုတ်လ ကတည်းက ဆီးရီးယား နယ်စပ်အနီး၌ စစ်သွေးကြွ အဖွဲ့များနှင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ (Xinhua)