Connect with us

Africa & Middle East

အီဂျစ်နိုင်ငံက အကြမ်းဖက်သမား ၃၆ ဦးအား သေဒဏ်ချမှတ်

အီဂျစ်နိုင်ငံ ဘုရားကျောင်းအနီးအကြမ်းဖက်မှုဖြစ်ပွားခဲ့သော အခင်းဖြစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ကိုင်ရို ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ်တွင် တန်ဒါမြို့နှင့် အလက်ဇန်းဒါးမြို့၌် ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မှုကြောင့် တရားစွဲဆိုခံရ သူ ၃၆ ဦးအား အီဂျစ်နိုင်ငံ အလက်ဇန်းဒါးမြို့ရှိ စစ်ဘက်ဆိုင်ရာတရားရုံးက ဧပြီလ ၁၀ ရက်တွင် သေဒဏ် အဖြစ် ကနဦးအမိန့်စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားသည်ဟု တရားစွဲဆိုခံရသူ ၃၆ ဦးမှာ ၂၀၁၆နှစ်နှင့် ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၃ ဦးမှာ အခြားအဖွဲ့ဝင်များကို ဖေါက်ခွဲရေး ပစ္စည်းများပြုလုပ်ပုံနှင့် လက်နက်ပစ္စည်းအသုံးပုံများကို လေ့ကျင့်ပေးသည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။

အဆိုပါ တရားစီရင်ချက်ကို အီဂျစ်ဘာသာရေးခေါင်းဆောင်အား တင်ပြခဲ့ရာ ၎င်းက ဘာသာရေးဥပဒေအရ ထိုစီရင်ချက်ကို အကြံပြုပြီးနောက် တရားရုံးက မေလ ၁၅ ရက်တွင် တရားဝင် အမိန့်ချမှတ်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် ဧပြီလက အီဂျစ်နိုင်ငံ အလက်ဇန်းဒါးမြို့နှင့် တန်ဒါမြို့၌ Coptic ခရစ်ယာန်ဘုရားကျောင်းကို ဦးတည်တိုက်ခိုက်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွင် အနည်းဆုံး သေဆုံးသူ ၄၅ ဦး ရှိပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ IS တို့က ထိုအကြမ်းဖက်တိုက်ခိုက်မှု ၂ ခု မှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ များမကြာမီ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနကလည်း အဆိုပါတိုက်ခိုက်မှုကို အစွန်းရောက်အဖွဲ့အစည်း တစ်ခုတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သော်လည်း IS တို့၏လက်ချက် ဟုတ်မဟုတ်ကိုမူ အတည်ပြုပြောဆိုခြင်းမရှိပေ။

အထက်ပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးမကြာမီ အီဂျစ်လွှတ်တော်က ၂၀၁၇ ခုနှစ် ဧပြီလ ၁၁ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အရေးပေါ်အခြေအနေ ၃ လ ကြေညာခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ တွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် နှင့် ယခုနှစ် ဇန်နဝါရီလတွင်တစ်ကြိမ် ၃ ကြိမ်တိုင်တိုင် အရေးပေါ် အခြေအနေ ၃ လ တိုးမြင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.