Africa & Middle East
အီဂျစ်နိုင်ငံက Sinovac COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် ကုန်ကြမ်းများ လက်ခံရရှိ
ကိုင်ရို ၊ မေ ၂၄ ရက်(ဆင်ဟွာ)
အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရန် ပထမသုတ် ကုန်ကြမ်းများအား လက်ခံရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။Sinovac ကုန်ကြမ်းများနှင့်အတူ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ထပ်မံတင်ပို့မှုလည်း ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၁ ရက်တွင် ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အီဂျစ်နိုင်ငံသည် Sinovac COVID-19 ကာကွယ်ဆေး ပြည်တွင်းထုတ်လုပ်မှုအား ဇွန်လတွင် စတင်သွားမည် ဖြစ်ပြီး ဇီဝထုတ်ကုန်များ နှင့် ကာကွယ်ဆေးများအတွက် အီဂျစ်ဦးဆောင်ကုမ္ပဏီ(VACSERA)၏ စက်ရုံများ၌ ပထမအကြိမ် အလုံးရေ ၂ သန်းအား ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က အကဲဖြတ်ပြီးနောက် နှစ်လအတွင်း အီဂျစ်နိုင်ငံအနှံ့ရှိ ဆေးဘက်ဆိုင်ရာစင်တာများသို့ ပြည်တွင်း အချောသတ်ထုတ်ကုန်အား ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က လေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
VACSERA က နှစ်လအတွင်း Sinovac ကာကွယ်ဆေး အလုံးရေ ၅ သန်းကျော် ထုတ်လုပ်ပေးကာ တစ်နှစ်အတွင်း အလုံးရေ သန်း ၄၀ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး၏ ကဏ္ဍသစ် ဖွင့်လှစ်လိုက်ခြင်းအဖြစ် Sinopharm ထပ်မံတင်ပို့မှု နှင့် Sinovac vaccine ကုန်ကြမ်းများ ရောက်ရှိလာခြင်းကို အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က ကြိုဆိုခဲ့ပြီး အီဂျစ်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ်ပြည့် နှစ်ပတ်လည်အား ကျင်းပရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အီဂျစ်နိုင်ငံ၏ ကာကွယ်ဆေးအရင်းအမြစ်များ အမျိုးမျိုးထုတ်လုပ်ခြင်းကို ထူးခြားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ကပ်ရောဂါအလွန်ကာလတွင် အီဂျစ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်အောင် မြှင့်တင်လျက် ရှိကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က အလေးအနက် ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ၏ နိုင်ငံတွင်း လိုအပ်ချက်များအား ဖြည့်ဆည်းပေးပြီးနောက် ကာကွယ်ဆေးများ ထုတ်လုပ်သည့် အီဂျစ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေး ကူညီရန် အရှေ့အလယ်ပိုင်း နှင့် အာဖရိကရှိ နိုင်ငံများသို့ တင်ပို့သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုသည် အီဂျစ်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့အတွက် ဆေးဘက်ဆိုင်ရာ နှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုတို့အား တိုးချဲ့ရန် အခြေခံကောင်းများ ချထားကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က ပြောကြားခဲ့ပြီး အီဂျစ်-တရုတ် နှစ်နိုင်ငံက ဆေးဘက်ဆိုင်ရာနည်းပညာ လွှဲပြောင်းခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အကျိုးရှိစေရေးအတွက် ရလဒ်များ ပိုမိုရရှိစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အီဂျစ်-တရုတ် နှစ်နိုင်ငံ ပူးတွဲကြိုးပမ်းအားထုတ်မှုသည် အစဉ်အလာခင်မင်ရင်းနှီးမှု နှင့် နိုင်ငံရေးလက်တွေ့ယုံကြည့်မှုကို နက်ရှိုင်းစေရုံသာမက နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်လည်း စံနမူနာပြခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hala Zayed က မှတ်ချက်ပြုခဲ့သည်။
အီဂျစ်နိုင်ငံက Sinovac ကာကွယ်ဆေးကုန်ကြမ်းများ လက်ခံရရှိခြင်းသည် အာဖရိကတိုက်ကြီးအတွင်း COVID-19 ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အီဂျစ်နိုင်ငံသည် ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Liao Liqiang က ပြောကြားခဲ့သည်။
“ဒါက အီဂျစ်နိုင်ငံ တစ်နိုင်ငံထဲအတွက်သာမက အာဖရိကတိုက်ကြီးနဲ့ အာရပ်ဒေသ အားလုံးအတွက်လည်း ကပ်ရောဂါအပေါ် အစောပိုင်းအောင်မြင်မှုအတွက် အရမ်းအရေးကြီးပါတယ်။”ဟု သံအမတ်ကြီး Liao က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဖရိကသို့ ကာကွယ်ဆေးများ လက်လှမ်းမီ အသုံးပြုနိုင်ရေး သေချာစေရန် ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ ၊ ဆေးဝါးများ ၊ နည်းပညာ နှင့် ရန်ပုံငွေများအား ထောက်ပံ့ပေးခြင်းမှတစ်ဆင့် လက်များပို၍ ကမ်းလင့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းကြောင်း သံအမတ်ကြီး Liao က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဖရိကတိုက်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် ရှင်သန်တက်ကြွလာစေရေးတို့တွင် တက်ကြွစွာပါဝင်သူ တစ်ဦး ၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အာဖရိက၏ အားကိုးထိုက်သော ထောက်ပံ့သူ တစ်ဦးအဖြစ် အမြဲတည်ရှိခဲ့ကြောင်း နှင့် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုတို့၏ ခိုင်မာစွာကာကွယ်သူတစ်ဦး ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအဖွဲ့က အတည်ပြုခဲ့သည့် ပထမဆုံး ကာကွယ်ဆေးဖြစ်သည့် အခြားဦးဆောင် တရုတ်နိုင်ငံ ဆေးဝါး ထုတ်လုပ်သူ Sinopharm က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးနှင့်အတူ အီဂျစ်နိုင်ငံသည် အစိုးရဆေးရုံများ၏ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့ကြောင်း သိရသည်။
အီဂျစ်နိုင်ငံ၌ မတ်လ အစောပိုင်းတွင် လူဦးရေအထူထပ်ဆုံးဒေသတွင် အလွန်ကူးစက်လွယ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးအတွက် နာတာရှည်ရောဂါရှိသော လူနာများ နှင့် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေး ထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။ ယခုထိ အီဂျစ်နိုင်ငံ၌ သေဆုံးသူ ၁၄,၆၇၀ ဦး နှင့် ပြန်လည်သက်သာလာသူ ၁၈၆,၂၂၃ ဦး အပါအဝင် COVID-19 လူနာပေါင်း ၂၅၂,၆၉၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)
————————————————-
(English Version)
Egypt receives raw materials to produce Sinovac COVID-19 vaccine
CAIRO, May 23 (Xinhua) — Egypt has received the first batch of the raw materials to manufacture China’s Sinovac vaccine, said the Chinese embassy in Egypt on Sunday.
Along with the Sinovac raw materials, a new shipment of China’s Sinopharm COVID-19 vaccines also arrived at the Cairo International Airport on Friday, according to a Chinese embassy’s statement.
Egyptian Health Minister Hala Zayed said on May 9 that Egypt will start locally producing Sinovac COVID-19 vaccine in June, and the first 2 million doses will be produced at the plants of the Egyptian Holding Company for Biological Products and Vaccines (VACSERA).
The local end-product will be distributed to medical centers across Egypt in two months after being assessed by the Egyptian Drug Authority, said Zayed at a press conference at the airport.
“VACSERA will produce more than 5 million doses of Sinovac vaccine in two months, and 40 million doses within a year,” she said.
Zayed hailed the arrival of a new shipment of Sinopharm and raw materials of Sinovac vaccine as ushering in “a new chapter of bilateral ties,” and the best way to celebrate the 65th anniversary of the establishment of diplomatic ties between the two countries.
China has made remarkable contributions to Egypt’s diversification of vaccine sources and promoting the country’s economic recovery in the post-pandemic era, she stressed.
After meeting Egypt’s own needs, vaccines produced in Egypt will be exported to other countries in the Middle East and Africa to help fight the pandemic, said the Egyptian minister.
Vaccine cooperation has laid a good foundation for Egypt and China to expand medical and health cooperation, Zayed said, adding that the two countries will boost cooperation in medical technology transfer and strive for more results to benefit the two peoples.
The two countries’ joint efforts in fighting COVID-19 have not only deepened the traditional friendship and political mutual trust, but also set an example for the international community, Zayed noted.
For his part, Chinese Ambassador to Egypt Liao Liqiang said that, as Egypt receives the Sinovac vaccine raw materials, it becomes the first country on the African continent to cooperate with China in producing the COVID-19 vaccines.
“This is very important for the early prevail over the pandemic not only in Egypt, but also in the whole African continent and the Arab region,” Liao said.
China calls on the international community to lend more hands to Africa through providing epidemic prevention materials, medicines, technology and funds to ensure the accessibility and affordability of vaccines, Liao said.
He reiterated that China has always been a staunch supporter of Africa in fighting the pandemic, an active participant in the continent’s development and revitalization, and a strong defender of peace and stability.
Egypt started in late January vaccinating the medical staff of governmental hospitals with a COVID-19 vaccine made by another leading Chinese drugmaker Sinopharm, which is the first vaccine approved by the Egyptian Drug Authority.
In early March, the most populous Arab country began to vaccinate elderly people and patients with chronic diseases against the highly infectious coronavirus.
So far, Egypt has reported 252,690 COVID-19 cases, including 14,670 deaths and 186,223 recoveries. ■