Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အစိုးရတပ်ဖွဲ့ က တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင် ၁၄၀ ဦးကို သုတ်သင်ရှင်းလင်း

ကဘူးလ် ၊ မေ ၂၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ မေလ ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့ အနေဖြင့် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာတွင် တာလီဘန်လက်နက်ကိုင်တပ်အဖွဲ့ဝင်ပေါင်း ၁၄၀ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။ထုတ်ပြန်ကြေညာချက်အရ အစိုးရတပ်ဖွဲ့သည် Nangarhar ပြည်နယ် ၊ Zabul ပြည်နယ် နှင့် Kandahar ပြည်နယ် တို့တွင် တာလီဘန်တပ်ဖွဲ့အား တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုများအတွင်း တာလီဘန်လက်နက်ကိုင်အဖွဲ့ဝင် ၁၄၀ ဦးကို ရှင်းလင်းနိုင်ခဲ့သည့်အပြင် တာလီဘန် ၇၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့ပြင် တာလီဘန်လက်နက်ကိုင်အဖွဲ့ပိုင် အလွယ်တကူ ပေါက်ကွဲစေနိုင်သည့် ပစ္စည်း ၁၂၁ ခုကို ရှင်းလင်းဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် အစိုးရတပ်ဖွဲ့အနေဖြင့် မေလ ၂၃ ရက်ညပိုင်းအချိန်၌ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း Baghlan ပြည်နယ်ရှိ တာလီဘန်အကျဉ်းထောင် တစ်ခုကို ဝင်စီးနိုင်ခဲ့ပြီး အစိုးရ စစ်သည် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန် နှင့် နေတိုးတပ်ဖွဲ့ တို့သည် မေ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင် ပြန်လည်ထွက်ခွာနေကြပြီဖြစ်ရာ အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက် မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးအပြီးထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။ လတ်တလောရက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေပြီး လုံခြုံရေးအခြေအနေမှာလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။ (Xinhua)

#Afghanistan #Taliban #Dead #xinhua #myanmar #xinhuamyanmar #အာဖဂန်နစ္စတန် #တာလီဘန် #သေဆုံး
…………………………………………
(Chinese Version)

(国际)阿富汗政府军击毙140名塔利班武装人员

新华社喀布尔5月24日电(记者史先涛)阿富汗国防部24日发表声明说,在过去24小时内,阿政府军在几个省展开行动,共击毙140名塔利班武装人员。
声明说,政府军在楠格哈尔省、查布尔省和坎大哈省等地展开打击塔利班武装的行动。除击毙140名塔利班武装人员外,政府军还打伤75名塔利班武装人员。另外,政府军还发现并拆除了塔利班武装分子的121枚简易爆炸装置。

声明还说,政府军在23日晚的行动中,捣毁了位于巴格兰省的一座塔利班“监狱”,解救了8名被关押的士兵。
美国和北约军队5月1日开始正式撤离阿富汗,计划在9月11日前全部撤出。近期,阿富汗国内袭击事件不断,安全形势日趋恶化。(完)

Photo
2月22日,阿富汗安全人员参加在坎大哈省展开的打击行动。新华社发(萨纳乌拉•西奥姆)