Africa & Middle East
အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား

ကိုင်ရို ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မြို့လယ်ခေါင်ရှိ အမေရိကန်သံရုံးအနီးတွင် စက်တင်ဘာ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ သေဆုံးဒဏ်ရာရမှုများ မဖြစ်ပွားခဲ့သော်လည်း သံရုံးကို ခေတ္တခဏ ပိတ်ခဲ့ရကြောင်း သိရသည်။
အီဂျစ်လုံခြုံရေးရဲဝန်ထမ်းများက အချင်းဖြစ်ပွားရာ နေရာတဝိုက်ကို စစ်ဆေးပြီးဖြစ်ရာ သံရုံး ပုံမှန်ဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံသားများ သံရုံးသိုမလာကြရန်နှင့် သံရုံးအနီးတွင် သွားလာမှုများမပြုလုပ်ကြရန် အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လူမှုကွန်ရက်တွင် ထုတ်ပြန်သတိပေးထားသည်။
အီဂျစ်လုံခြုံရေးရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည်ဟုသံသယရှိသူအမျိုးသား တစ်ဦးအား ဖမ်းဆီးထား ကြောင်း အခြားသတင်းမီဒီယာမှ သိရသည်။ (Xinhua)