Africa & Middle East
အီဂျစ်နိုင်ငံတွင် အပူလှိုင်း ဖြတ်၍ အပူချိန် ၄၅ ဒီဂရီ ဆဲလ်စီးယပ် အထိ မြင့်တက်
ကိုင်ရို၊ မေ ၁၅ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံပိုင် မိုးလေဝသ ဋ္ဌာန က အီဂျစ်နိုင်ငံ တွင် အပူလှိုင်း ဖြတ်မှုသည် မေလ ၁၇ အထိ ကြာမြင့် နိုင်ကြောင်း မေလ ၁၅ ရက်က ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ မိုးလေဝသ အာဏာပိုင်အဖွဲ့ ၏ ထုတ်ပြန်ချက်အရ နိုင်ငံ၏ အချို့ဒေသများတွင် နေ့အပူချိန်သည် ၄၅ ဒီဂရီ ဆဲလ်စီးယပ် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
မြို့တော် ကိုင်ရိုတွင် နေ့အပူချိန်သည် ၄၃ ဒီဂရီ ဆဲလ်စီးယပ် အထိ မြင့်တက်ခဲ့ပြီး အီဂျစ်နိုင်ငံ အထက်ပိုင်း ရှိ အချို့ပြည်နယ်များတွင် နေ့အပူချိန်သည် ၄၄ မှ ၄၅ ဒီဂရီ ဆဲလ်စီးယပ် အထိ ရှိခဲ့ကြောင်း သိရသည်။
မိုးလေဝသ ဋ္ဌာန က အီဂျစ်နိုင်ငံသားများအား နေ့လည်ခင်း နှင့် ညနေပိုင်း အတွင်း အချိန်ကြာမြင့်စွာ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ရှားကြရန် နှင့် ရေများများ သောက်ရန် တိုက်တွန်း ထားကြောင်း သိရသည်။
၂၀၁၅ ခုနှစ် သြဂုတ်လတွင် အီဂျစ်နိုင်ငံ ၌ အပူလှိုင်း ဖြတ်ခဲ့မှုကြောင့် နေ့အပူချိန်သည် ၅၀ ဒီဂရီ ဆဲလ်စီးယပ် ထက် ကျော်လွန် မြင့်တက်ခဲ့ပြီး လူများစွာ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)