Africa & Middle East
အီရန်က ရုရှားသို့ နေ့စဉ် ရေနံစည်ပေါင်း ၁၀၀,၀၀၀ တင်ပို့ရောင်းချသွားမည်ဟု အီရန်ရေနံဝန်ကြီးပြောကြား

တီဟီရန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သည် ရုရှားနိုင်ငံသို့ နေ့စဉ် ရေနံစည်ပေါင်း ၁၀၀,၀၀၀ တင်ပို့ရောင်းချသွားရန် သဘောတူညီချက် စာချုပ် ချုပ်ဆိုသွားမည်ဟု အီရန်နိုင်ငံရေနံဝန်ကြီး ၏ပြောကြားချက်ကို ကိုးကား၍ သတင်းဋ္ဌာနများက ဖေဖော်ဝါရီ ၂၁ရက်တွင် ဖော်ပြခဲ့သည်။
လာမည့် ရက်သတ္တပတ်များအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပြီး ယင်းစာချုပ်သည် အီရန်နိုင်ငံအတွက် ဖောက်သည်အသစ်များ ရရှိနိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး Bijan Namdar Zanganeh က ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီး Alexander Novak နှင့် အစည်းအဝေးပြုလုပ်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းက “လာမယ့် အပတ်တွေမှာ အီရန်ရဲ့ ရေနံတင်ပို့မှုနဲ့ပတ်သက်ပြီး စာချုပ်ပုံစံသစ်တွေကို ရုရှားနိုင်ငံမှာ အလုပ်သဘောဆွေးနွေးဖို့ အစည်းအဝေးမှာ သဘောတူခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် နိုင်ငံ၏ ရေနံဈေးကွက် ရေရှည် စနစ်တကျရှိစေရန်အတွက် အီရန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။ (Xinhua)