Africa & Middle East
အီရန်ရေဘေးကြောင့် အနည်းဆုံးလူ ၇၀ ဦးသေဆုံး
တီဟီရန်၊ဧပြီလ ၆ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံ၏ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊လက်နက်ကိုင်တပ်ဖွဲ့များနှင့်အပျော်တမ်းအဖွဲ့ များကနိုင်ငံ၏ရေဘေးသင့်ဒေသများတွင် ပုံမှန်အနေအထားပြန်လည်ရောက်ရှိစေရန်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေချိန်တွင်ပင် လာမည့်ရက်များ၌အီရန်နိုင်ငံတွင်မိုးသည်းထန်စွာရွာသွန်းမှု များဖြစ်ပွားနိုင်သေးကြောင်း ခန့်မှန်းထားကြသည်ဟုသိရသည်။
အီရန်မိုးလေဝသအဖွဲ့က ဧပြီလ ၅ ရက်ညနေပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုထပ်မံဖြစ်ပေါ်နိုင်ကာ နိုင်ငံအနောက်ပိုင်းနှင့်အနောက်တောင်ပိုင်းဒေသများ တွင်သက်ရောက်မှုရှိနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။နိုင်ငံအနောက်တောင်ပိုင်း ခူဇက်စတန်ပြည်နယ်တွင်ရေကြီးမှုဖြစ်ပွားနိုင်သောကြောင့် အသင့်အနေအထားနှိုးဆော်ထားကြောင်းလည်း သိရသည်။
အီရန်ပြည်ထဲရေးဝန်ကြီးကလည်း ခူဇက်စတန် ပြည်နယ်နှင့်ထိစပ်နေသောပြည်နယ်ငါးခု၌လည်း ရေ လွှမ်းမိုးမှုဖြစ်ပွားနိုင်သော အန္တရာယ်ကြောင့် ကယ်ဆယ်ရေးအဖွဲ့များဖြန့်ချပေးထားရန်အသင့်အနေအ ထားပြုလုပ်ထားကြောင်းလည်း ဧပြီ ၅ ရက်ကပြောကြားခဲ့သည်။ထို့ပြင်မိုးလေဝသခန့်မှန်းချက်များအရ ရေလွှမ်းမိုးမှုဒဏ်ခံနေရသော ဂိုလီစတန် ပြည်နယ်တွင်လည်း ဧပြီ ၆ ရက်၌မိုးသည်းထန်စွာရွာသွန်းနိုင် သေးကြောင်းသိရသည်။
လူပေါင်းများစွာသေကြေပျက်စီးဆုံးရှုံးစေခဲ့သောမကြာမီရက်များကဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အာဏာပိုင်များနှင့်ဒုက္ခသည်များအတွက်ကိုယ် ချင်းစာနာရပါကြောင်း ဖေါ်ပြခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုက အီရန်ရေဘေးဒုက္ခသည်များ သို့ နိုင်ငံတကာမှကယ်ဆယ်ရေးအထောက်အပံ့များပေးပို့ခြင်းက ိုပိတ်ပင်ထားမှုအား အီရန်အစိုးရအရာရှိ များကရှုတ်ချခဲ့ကြပြီး တူရကီ၊ဂျာမနီနှင့်ကူဝိတ်နိုင်ငံများကမူ အီရန်သို့ကယ်ဆယ်ရေးအထောက်အပံ့ များပေးပို့ခဲ့ကြသည်။
အီရန်နိုင်ငံ ဂိုလီစတန် ပြည်နယ်တွင် ရေလွှမ်းမိုးမှုကြောင့်အိမ်များရေမြုပ်နေသည်ကို ၂၀၁၉ ခုနှစ်၊မတ်လကုန်ပိုင်းက တွေ့ရစဉ်။(ဓါတ်ပုံ—ဆင်ဟွာ)
အီရန်နိုင်ငံအတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်းမကြုံစဖူးလောက်အောင်ဖြစ်ပွား ခဲ့သည့်ရေလွှမ်းမိုးမှုများကြောင့် အနည်းဆုံး လူ ၇၀ ဦးသေဆုံးခဲ့ရကြောင်းလည်း IRNA သတင်းဌာနက ဧပြီ ၅ ရက်တွင်ပြောကြားခဲ့သည်။ မိုးကြီးမားစွာရွာသွန်းမှုနှင့်ရေလွှမ်းမိုးမှု များနှင့်ကြုံတွေ့နေရသောအီရန်နိုင်ငံတစ်ဝန်းရှိမြို့များနှင့်ကျေးရွာများတွင်ပြည်သူရာပေါင်း များစွာ တို့မှာလည်းနေရာပြောင်းရွှေ့ထွက်ပြေးခဲ့ရကြောင်းသိရသည်။ထို့ပြင်နိုင်ငံအနောက် ပိုင်းရှိကျေးရွာများစွာ တို့မှာလည်း ရွှံ့၊နွံ များအောက်တွင်နစ်မြုပ်ကာ ပျောက်ကွယ်ခဲ့ကြရ ကြောင်းသတင်းများအရသိရသည်။
အီရန် ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး ရှာဟင်ဖာသီ က လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ရေလွှမ်းမိုးမှုဒဏ်ကို မြို့နှင့်ကျေးလက်ပေါင်း ၁,၉၀၀ ခန့်ခံစားခဲ့ရကြောင်းဧပြီ ၅ ရက်ကပြောကြားခဲ့သည်ဟု Teheran Times သတင်းစာကဖေါ် ပြခဲ့သည်။ထို့ပြင်မိုးပြင်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် အိမ်ခြေ ၂၅,၀၀၀ ခန့်ပျက် စီးခဲ့ရကြောင်းလည်းသိရသည်။(Xinhua)