Connect with us

Africa & Middle East

အီရန်ရေကြီးမှုကို အရေးပေါ်အကူအညီများပေးပို့ရန် ကူဝိတ်စီစဉ်

အီရန်တွင် ရေကြီးမှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ကူဝိတ် ဧပြီ ၄ ရက် (ဆင်ဟွာ)

လာမည့်အပတ် တွင် အီရန် ရှိရေဘေးသင့်ပြည်သူများထံသို့ အရေးပေါ်အကူအညီပေးပို့သွားမည်ဟု ကူဝိတ်လခြမ်းနီအဖွဲ့ (KRCS) က ဧပြီလ ၃ ရက်နေ့ တွင် ပြောကြားခဲ့ကြောင်း ကူဝိတ်သတင်းဌာန မှ ဖော်ပြခဲ့သည်။

KRCS ဘုတ်အဖွဲ့ဥက္ကဋ္ဌ Hilal Al-Sayer လာမည့်အပါတ်တွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် သူများကို အရေးပေါ်အကူအညီပေးရန် စည်းရုံးလှုံ့ဆော်သွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထား မှုကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ တွင် သဘာဝဘေးအန္တရာယ်ခံစားခံစားရသည့် ပြည်သူများအား အရေးပေါ်ကူညီမှုများပေးရန် ၊ ကူဝိတ်လူမှုကူညီရေးအဖွဲ့ ကအီရန်လူမှုကူညီရေးအဖွဲ့ နှင့်အတူ တခြားလူမှုအဖွဲ့များ နှင့် ပါလက်တွဲ၍ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် အပတ်က ဖြစ်ခဲ့သည့် ရေကြီးခြင်း နှင့် မြေပြိုခြင်းတို့ကြောင့် အနည်းဆုံး လူ၄၄ဦး သေဆုံးခဲ့ပြီး၊ အခြားလူ ၂၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.